ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့ နာမည်ရမင်းသားတစ်ယောက်ဖြစ်တဲ့ ဇေရဲထက်ကတော့ ဗီဒီယိုဇာတ်ကားကောင်းတွေကို ပရိသတ်တွေအတွက် တင်ဆက်ပေးနေတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ လတ်တလောမှာတော့ ဇေရဲထက်၊ ခင်ဇာခြည်ကျော်၊ အောင်လေး၊ ဇင်ဇင်ဇော်မြင့်နဲ့ ရဲအောင်တို့အတူတွဲဖက် ပါဝင်ရိုက်ကူးထားတဲ့ “ရာဇဝင် ရိုင်းခဲ့သည်” ဇာတ်ကားကတော့ သူရဲ့ ထူးခြားတဲ့ ဇာတ်လမ်းဇာတ်ကွက်တွေကြောင့် ပရိသတ်အချို့ရဲ့ ဝေဖန်မှုတွေကို ခံနေရတာဖြစ်ပါတယ်။

ဝေဖန်မှုတွေ ထွက်ပေါ်လာတိုင်း ဝေဖန်မှုတွေနဲ့ ပတ်သတ်ပြီး ပရိသတ်တွေကို  ပြန်လည်ရှင်းပြတတ်တဲ့ ဇေရဲထက်ကတော့ “ရာဇဝင် ရိုင်းခဲ့သည်” ရုပ်ရှင်ကားနဲ့ ပတ်သတ်ပြီး အခုလိုမျိုး သူရဲ့ ဖေ့စ်ဘုတ်ပေါ်မှာ ရှင်းပြထားပါတယ်။

“ရာဇဝင် ရိုင်းခဲ့သည်” ဇာတ်ကားကတော့ ဇူလိုင်လ (၆) ရက်နေ့မှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။ “ရာဇဝင် ရိုင်းခဲ့သည်”ရုပ်ရှင်ကားကြီးကတော့ ရုပ်ရှင်မထွက်ခင်ကတည်းက ဝေဖန်မှုတွေ၊ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုတွေကို ရရှိထားတဲ့ ဇာတ်ကားကြီးလည်း ဖြစ်ပါတယ်။

Source: Zay Ye Htet