ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားတဲ့ ရုပ်ရှင်မင်းသားတစ်ယောက်ဖြစ်တဲ့ ဇေရဲထက်ကတော့ သူရဲ့ ခံစားချက်တွေကို ဖေ့စ်ဘုတ်ပေါ်မှာ ပွင့်ပွင့်လင်းလင်း ဖွင့်ဟလာပါတယ်။ ဇေရဲထက်ကတော့ ပရိသတ်အချို့ရဲ့ ဝေဖန်မှုတွေကို မကြာခဏဆိုသလိုခံရတဲ့ အနုပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။

ရုပ်ရှင်ပရိသတ်တွေရဲ့ ဝေဖန်မှုတွေကိုခံရလေ့ရှိတဲ့ ဇေရဲထက်ကတော့ သူရဲ့ ခံစားနေရတဲ့ ခံစားချက်တွေနဲ့ ပတ်သတ်ပြီး ဖုံးကွယ်မထားတော့ဘဲ အခုလိုပဲ ပွင်ပွင့်လင်းလင်းနဲ့ ဖွင့်ပြောလာပါတယ်။

အနုပညာလောကမှာ ကြိုးကြိုးစားစားနဲ့ အနုပညာအလုပ်တွေကိုလုပ်နေတဲ့ ဇေရဲထက်ကတော့ “သရုပ်ဆောင်တွေအကုန်လုံးက ကျနော့်မိသားစုတွေပါ အာ့လို့သတ်မှတ်ထားတဲ့အတွက် သူတို့ထိရင်ကျနော့်ကိုထိသလိုပါပဲးမခံစားနိုင်တာအမှန်ပါးး အခြေအနေအရပ်ရပ်ကိုလည်း ကျနော်သိနေလို့ပါးးး” လို့ရေးသားထားပါတယ်။ ဇေရဲထက်ကတော့ လတ်တလောမှာ အနုပညာရပ်ဝန်းမှာ ဖြစ်ပွားနေတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အနုပညာရှင်တွေ ဝေဖန်ခံနေရတဲ့အပေါ် သူရဲ့ ရင်တွင်းခံစားချက်တွေကို ဖွင့်ဟလာတာဖြစ်ပါတယ်။

မင်းသမီး နှိုင်းယှဉ်မြင့်မိုရ်ကလည်း ဇေရဲထက်ရဲ့ ပိုစ့်အောက်မှာ အခုလိုပဲ လာရောက်ပြီး ကွန်းမန့်ရေးသားခဲ့ပါတယ်။

Source: Zay Ye Htet