လတ်တလောမှာ ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေရရှိနေတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတစ်ကားဖြစ်တဲ့ “ရာဇဝင် ရိုင်းခဲ့သည်” ဇာတ်ကားထဲမှာ လိင်တူချစ်သူတွေအဖြစ် သရုပ်ဆောင်ခဲ့တဲ့ အောင်လေးကတော့ ဇူလိုင်လ ၄ ရက်နေ့က “ရာဇဝင် ရိုင်းခဲ့သည်” ဇာတ်ကားရဲ့ ဖေ့စ်ဘုတ်ပေ့ဂ်ျမှာ Live လွှင့်ပြီး ပရိသတ်တွေ သိလိုသမျှ မေးခွန်းတွေကို ဖြေကြားပေးခဲ့ပါတယ်။

အောင်လေးရဲ့ Live ဖြေကြားမှုမှာ ဇေရဲထက်ကလည်း ပါဝင်ခဲ့ပါသေးတယ်။ ဇေရဲထက်ကတော့ အောင်လေးက ပရိသတ်တွေရဲ့ မေးခွန်းတွေကို ဖြေနေစဉ်မှာ အနောက်ကနေ ရောက်လာပြီး အောင်လေးကို အနမ်းခြွေသွားခဲ့တာဖြစ်ပါတယ်။ အောင်လေးနဲ့ ဇေရဲထက်တို့ကတော့ “ရာဇဝင်ရိုင်းခဲ့သည်” ဇာတ်ကားထဲမှာလည်း လိင်တူချစ်သူတွေအဖြစ် အတွဲညီညီ သရုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။


ပရိသတ်တွေကတော့ ရုပ်ရှင်ထဲမှာသာမက အပြင်မှာပါ အချိတ်အဆက်မိမိနဲ့ ရင်းရင်းနှီးနှီးရှိကြတဲ့ သူတို့နှစ်ယောက်ကို ကြည့်ပြီး သဘောကျနေကြပါတယ်။ အောင်လေးရဲ့ Live ဗီဒီယိုလေးနဲ့ အောင်လေးကို ဇေရဲထက် နမ်းခဲ့တဲ့ ဗီဒီယို အပိုင်းလေးကိုပါ တင်ဆက်ပေးလိုက်ပါတယ်။

ပရိတ်သတ်ကြီးရဲ့ မေးခွန်းတွေကိုဖြေပေးဖို့😘အမှီ အပြေးလေးလာခဲ့ပါတယ်တဲ့ 😍ကဲ.❤ကိုအောင်လေးကို🌹 မေးလိုသမျှတွေ🌹 မေးလို့ရပါပြီနော် ။

Posted by ရာဇဝင် ရိုင်းခဲ့သည် on Wednesday, 4 July 2018

Posted by Sai Lu Sharr on Wednesday, 4 July 2018

Source: ရာဇဝင် ရိုင်းခဲ့သည်