ပရိသတ်တွေချစ်ရတဲ့ မင်းသားဇေရဲထက်ကတော့ ဖေစ်ဘုတ်သုံးရတာ စိတ်ညစ်နေတဲ့ပုံပါပဲ။ ဘယ်လောက်အထိ စိတ်ညစ်နေလဲဆိုရင်တော့ သူ့ရဲ့ ဖေစ်ဘုတ်ပ်ါမှာ “အကောင့် မသုံးချင်တော့ဘူး”ဆိုတဲ့ စာကိုသူ့ရဲ့ ဖေစ်ဘုတ်ပ်ါမှာ တင်ခဲ့တဲ့ အထိပါပဲ။

မင်းသားဇေရဲထက်ကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို ရရှိထားတဲ့ မင်းသားတစ်ဦးဖြစ်ပေမဲ့လည်း ဝေဖန်တိုက်ခိုက်သူတွေဆီက ဝေဖန်မှုတွေကိုလည်း ပြင်းပြင်းထန်ထန်ခံရတဲ့ မင်းသားတစ်ဦးပါ။ ဒီကြားထဲမှာ အကောင့်အဟက်ခံရပြီး အကောင့်ပြန်ရပြီးတဲ့ နောက်မှာတောင် ဟက်ကာတွေက ဇေရဲထက်ရဲ့ အကောင့်မှာ စာတွေဝင်ရေးနေတာတွေတွေ့နေရပါတယ်။

မဂ္ဂဇင်းကာဗာတစ်ခုအတွက် ဖိုတိုရှုပြုလုပ်ခဲ့ပြီးနောက်မှာတော့ ဝေဖန်မှုတွေကို ပိုပြီးတော့ ရရှိလာပြီး ဇေရဲထက်ကတော့  အကောင့်ကို မသုံးချင်လောက်အောင်ကို စိတ်ညစ်နေပြီဖြစ်ပါတယ်။ မင်းသားဇေရဲထက်ရဲ့ ပရိသတ်တွေကတော့ စိတ်ညစ်နေတဲ့ ဇေရဲထက်ကို အခိုင်အမာ အားပေးနေကြပါတယ်။ ဇေရဲထက်ကတော့ တကယ့်ကို သစ္စာရှိတဲ့ ပရိသတ်တွေကို ရရှိထားတာပါ။

Source: Zay Ye Htet