မြန်မာနိုင်ငံရဲ့ နာမည်ကြီး မင်းသားတစ်ဦးဖြစ်တဲ့ ဇေရဲထက်ကတော့ ပရိသတ်တွေရဲ့ ဝေဖန်မှုတွေကို မကြာခဏဆိုသလို ကြုံရတဲ့ မင်းသားတစ်ယောက်လည်း ဖြစ်ပါတယ်။ ဒီဝေဖန်မှုတွေကို အကြိမ်ပေါင်းများစွာ ကြုံတွေ့ရပြီး နောက်မှာတော့ မင်းသား ဇေရဲထက်ဟာ အခုလိုပဲ ပြန်လည် တုံ့ပြန်ခဲ့ပါတယ်။

“ကျနော့်ကို အားမပေးရင် ကျနော့်အကောင့်ကို ဝင်မကြည့်ပါနဲ့လား”လို့ ဝေဖန်တိုက်ခိုက်သူတွေကို ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။ ဇေရဲထက်ဟာ ဝေဖန်သူအချို့ကို ဖေစ်ဘုတ်မှာ ဘလော့လုပ်တယ်ဆိုတာကိုလည်း ” အဲဒီလူတွေဟာ အသုံးမကျလို့ စိတ်ဓါတ်အောက်တန်းကျလို့ ဖြစ်တယ်”လို့ ခပ်ပြင်းပြင်း ရေးသားတုံ့ပြန်ခဲ့ပါတယ်။

ဒါ့အပြင် “ကျနော်လည်း လူပါ ခံစားတတ်တယ် … ပေါက်ကွဲတတ်တယ် … နာကျည်းတတ်တယ် … ဒေါသထွက်တတ်တယ် … သူများ ပြောတော့မယ်ဆို ကိုယ့်ကိုအာ့လိုပြောရင် ခံနိုင်လားဆိုတဲ့ အတွေးမဝင်တာလား … ဘယ်ဝင်မလည်း ပညာမှမတတ်တာ ပညာမမတတ်တော့ အသိတရားမရှိ ကိုယ်ရေးတာက ကိုယ့်အဆင့်အတန်းကိုဖော်တယ်ဆိုတာ သဘောာပေါက်ဖို့ကောင်းတယ် … “လို့လည်း ဆက်ပြီးတော့ ရေးခဲ့ပါသေးတယ်။

ဇေရဲထက်ကတော့ ဝေဖန်မှုတွေအပေါ် ပြတ်ပြတ်သားသားနဲ့တုံ့ပြန်လိုက်ပြီး ” ဖြူစင်စွာနဲ့ ရှာစားနေတာပါ ခိုးစားနေတာမဟုတ်သလို တိုက်ခိုက် မြှူချူ ပိုင်းစားနေတာလည်း မဟုတ်ဘူး” လို့လည်း ရိုးသားစွာ သူ့ရဲ့ အနုပညာအလုပ်တွေ လုပ်နေတဲ့ အကြောင်းကို ပြောခဲ့ပါတယ်။

Source: Zay Ye Htet