လတ်တလောမှာတော့ အနုပညာရှင်တွေရဲ့ အကောင့်တွေ ဆက်တိုက်ကို အဟက်ခံနေရပါတယ်။ အခုလည်း ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ဇေရဲထက်ရဲ့ အကောင့်ကို M4L ကနေ ဟက်လိုက်ပြီ ဖြစ်ပါတယ်။

ဒီတစ်ခေါက် အကောင့်အဟက်ခံရတာ ကတော့ အရင်တခြားအနုပညာရှင်တွေ အကာင့်ဟက်ခံရတာနဲ့မတူပါဘူး။ M4L အဖွဲ့ဟာ သူတို့ရဲ့တောင်းဆိုချက်ကို လိုက်လျောရင် အကောင့်ကို ပြန်ပေးမယ်ဆိုပြီး ဇေရဲထက်ရဲ့ဖေ့စ်ဘုတ်ပေါ်မှာပဲ သူတို့တောင်းဆိုတာကို လုပ်ပေးဖို့ရေးထားပါတယ်။ သူတို့တောင်းဆိုထားတာကတော့ မှော်ဘီမြို့မဈေးမရောက်ခင်  ဝါးနက်ချောင်းကျေးရွာ လေထီး ၁၆ မှတ်တိုင်မှတစ်ဆင့်  ဆိုင်ကယ်ကယ်ရီ စီးသွားရင်ရောက်တဲ့ လူမှုဖူလုံရေးဂေဟာမှာရှိတဲ့ ဦးနှောက်မဖွံ့ဖြိုးတဲ့ သက်ကြီးရွယ်အိုတွေကို လှူဒါန်ပေးဖို့ ဖြစ်ပါတယ်။

“မင်းတို့ Acc လည်း ပြန်ရတယ်။ မင်းတို့လည်း ကုသိုလ်ရတယ် ။ တစ်ဖက်က အလှူရှင်လိုနေတဲ့ ကျောင်းတွေလည်း တစ်ရက်စာ ပြည့်စုံသွားတယ်။ ဒါငါတို့ M4L ရဲ့ တောင်းဆိုမှုပဲ”လို့ M4L ကရေးထားတာဖြစ်ပါတယ်။

“ကလန်ကဆန်လုပ် ပြီး မလှူရင်တော့ ဘယ်အနုပညာရှင်မဆို လူသိခံလို့မရတဲ့ information တွေကို ချပြသွားမယ် “လို့လည်း M4L ကရေးထားပါသေးတယ်။

Source: zay ye htet