ယွန်းဝတီလွင်မိုးနဲ့ ထက်ဦးလိုင်တို့ရဲ့ မင်္ဂလာပွဲကတော့ ဒီနှစ်စမှာ ပရိသတ်တွေကို အံ့သြမှုတွေ ဖြစ်စေခဲ့တဲ့ မင်္ဂလာပွဲတစ်ခုပါ။ လိုက်ဖက်တဲ့ စုံတွဲဖြစ်လို့ အားပေးထောပနာပြုခဲ့ကြတဲ့ ပရိသတ်တွေလည်းရှိပြီး တချို့ကတော့ အသက်ငယ်သေးတဲ့ ခေးလေးကို နှမြောတသ ဖြစ်ခဲ့ကြရပါတယ်။

နှမြောတသ ဖြစ်ကြတဲ့ ပရိသတ်တွေအတွက် ထက်ဦီးလှိုင်ရဲ့ မိခင်ဖြစ်သူ ရွှေထွဍ်တင်က “သားလေးကလည်း ခေးကို အရမ်းချစ်လို့ စိတ်မပူကြပါနဲ့”လို့လည်း ပြောခဲ့ကြပါသေးတယ်။ မိခင်ဖြစ်သူ ရွှေထွဍ်တင်က သားဖြစ်သူကို အရမ်းကို ချစ်တယ်ဆိုတာ သူရဲ့ ဖေစ်ဘုတ်မှာ သွားကြည့်ရင်တောင် သိနိုင်ပါတယ်။ သားဖြစ်သူ ထက်ဦးလှိုင်ရဲ့ ဓါတ်ပုံလေးတွေကို အမြဲ သူရဲ့ ဖေစ်ဘုတ်ပေါ်မှာ တင်တတ်တဲ့ သူတစ်ယောက်လဲ ဖြစ်ပါတယ်။

ဇန်နဝါရီလ (၂၄)ရက်နေ့မှာတော့ သားဖြစ်သူကို အိမ်ကို အလည်လာခဲ့တဲ့ ပုံလေးတွေကို ဖေစ်ဘုတ်ပေါ်မှာ ဓါတ်ပုံရိုက်ပြီး တင်ထားတာဖြစ်ပါတယ်။ ဓါတ်ပုံတွေကိုတော့ “သားလေး ပြန်လာတုန်းလေး”ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးပြီး တင်ထားတာ ဖြစ်ပါတယ်။

Source: Shwe Htut Tin