ပရိသတ်တွေတိုင်းရဲ့ အချစ်တွေကို ရရှိနေသူတစ်ယောက်ဖြစ်တဲ့ မင်းသားလွင်မိုးရဲ့သမီး ယွန်းဝတီလွင်မိုးကတော့ အနုပညာလောကမှာ နေရာတစ်နေရာ ရရှိထားသူတစ်ယောက်ဖြစ်ပါတယ်။ သူမကတော့ ဖေ့စ်ဘုတ်ပေါ်မှာထက် အင်စတာဂရမ်ပေါ်မှာ တွေ့ရလေ့ရှိတဲ့ မြန်မာအနုပညာရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။

ယွန်းဝတီလွင်မိုးရဲ့ အင်စတာဂရမ်အကောင့်ကတော ယနေ့မှာ အကောင့်ဟက်ခံလိုက်ပါတယ်။ ဒီအကြောင်းကို ယွန်းဝတီလွင်မိုးက သူမရဲ့ ဖေ့စ်ဘုတ်ပေါ်မှာ ရေးသားထားတာဖြစ်ပါတယ်။ ယွန်းဝတီလွင်မိုးဟာ အဟက်ခံလိုက်ရတဲ့ အကောင့်ဟောင်းကို မသုံးတော့ပဲ အကောင့်အသစ်နဲ့ သုံးတော့မှာ ဖြစ်တယ်လို့လည်းပြောထားပါသေးတယ်။

ယွန်းဝတီလွင်မိုးရဲ့ အင်စတာဂရမ် အကောင့်အသစ်ကတော့ @yunwaddy ဖြစ်ပါတယ်။ ခေးကို ချစ်ကြတဲ့ ပရိသတ်တွေလည်း ခေးရဲ့ အင်စတာဂရမ်အကောင့်သစ်ကို Follow လုပ်လိုက်ကြပါဦးနော်။

Source: Yun Waddy Lwinmoe