ပရိသတ်တွေချစ်ကြတဲ့ မင်းသမီးချောလေးတစ်ယောက်ဖြစ်တဲ့ ယုသန္တာတင်ကတော့ မတ်လ၁၀ရက်နေ့မှာ အိန္ဒိယနိုင်ငံကိုထွက်သွားခဲ့ပြီး အလည်အပတ်ခရီး ထွက်လျက်ရှိပါတယ်။ ခရီးထွက်ရတာကို နှစ်သက်သဘောကျတဲ့ ယုသန္တာတင်ကတော့ အိန္ဒိယနိုင်ငံရဲ့ အရမ်းကိုလှပတဲ့ နေရာအနှံအပြားကို ခရီးထွက်လျက်ရှိပါတယ်။

သူမကတော့ ခရီးထွက်နေတဲ့ ဓါတ်ပုံအမိုက်စားတွေကို ဖေ့စ်ဘုတ်ပေါ်မှလည်း တင်လေ့ရှိပါတယ်။ဒီကနေ့မှာတော့ ယုသန္တာတင်ဟာ အိန္ဒိယသူလေးတစ်ယောက်လို ဝတ်ဆင်ပြီး ရိုက်ကူးထားတဲ့ ဓါတ်ပုံတွေကို ဖေ့စ်ဘုတ်ပေါ်မှာ တင်ထားပြီး ပရိသတ်တွေကို အလှတစ်မျိုးနဲ့ ဖမ်းစားလိုက်ပြန်ပါတယ်။

ယုသန္တာတင်ကတော့ kashmir သူလေးတစ်ယောက်လို  ရိုးရာဝတ်စုံလေးနဲ့လည်း အရမ်းကို လိုက်ဖက်ပြီးကြည့်လို့ကောင်းလွန်းနေပါတယ်။

ယုသန္တာတင်ကတော့ ပန်းချီကားတစ်ချပ်သဖွယ် လှပနေတဲ့ အိန္ဒိယနိုင်ငံရဲ့ Kashmir ဆိုတဲ့ မြို့လေးမှာ အရမ်းကို ပျော်နေတဲ့ ပုံပါပဲ။ သူမရဲ့ ပရိသတ်တွေအတွက်လည်း ဓါတ်ပုံတွေအများကြီး ရိုက်ပြီး တင်ထားပါသေးတယ်။

Source: Yu Thandar Tin