ကိုးရီးယားနိုင်ငံရဲ့ အနုပညာရှင်တွေက အရမ်းကို အရွယ်တင်နုပျိုကြတဲ့ သူတွေဖြစ်ပြီး သူတို့ရဲ့ အသက်နဲ့ ရုပ်ရည်က လုံးဝထင်မှတ်မထားလောက်အောင်ကို နုပျိုလှပနေတတ်ကြပါတယ်နော်။ ဒီတစ်ခါမှာတော့ မကြာခင်မှာ ကိုးရီးယားခုနှစ်အရ အသက်လေးဆယ်ပြည့်တော့မယ့် မင်းသမီးချောလေးတွေနဲ့ သူတို့ရဲ့ နုပျိုမှုလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ဒီသတင်းကိုတော့ kstarlive ကဖော်ပြထားတာပဲ ဖြစ်ပါတယ်။

Son YeJin

 

အားလုံးရဲ့ အသည်းစွဲ မမချော Son YeJin ကတော့ အသက်ကြီးလေ ပိုပိုချောလာတဲ့ ထိပ်တန်းမင်းသမီးချော တစ်ယောက်ပါနော်။ သူမကို January 11, 1982 မှာ မွေးဖွားခဲ့တာဖြစ်ပြီး အသက် 38 နှစ်ရှိပြီဆိုပေမယ့် ကိုးရီးယားခုနှစ်အရတော့ နောက်နှစ်မှာ အသက်လေးဆယ်ပြည့်မှာ ဖြစ်ပါတယ်။ သူမရဲ့ နုပျိုမှုကတော့ သိပ်ပြောနေစရာတောင် လိုမယ်မထင်ပါဘူးနော်။

Han Jimin

 

မင်းသမီးချော Han Jimin ဟာလည်း ပရိတ်သတ်တွေ ဟိုးအရင်ကတည်းက အားပေးလာခဲ့ရတဲ့ မင်းသမီးချောတစ်ယောက်ပဲ ဖြစ်ပါတယ်။ Han Jimin ရဲ့ မွေးနေ့က November 5, 1982 ဖြစ်ပြီး သူမဟာလည်း လာမယ့်နှစ်မှာ ကိုးရီးယားနှစ်အရ အသက်လေးဆယ်ပြည့်တော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့် အခုအချိန်ထိကို လှပနုပျိုနေဆဲ ဖြစ်ပါတယ်။

Lee Minjung

 

အရမ်းကို ချစ်စရာကောင်းတဲ့ မျက်နှာပိုင်ရှင်လေး Lee Minjung ဟာ မကြာခင်မှာ အသက်လေးဆယ်ပြည့်တော့မယ်လို့ ဘယ်သူကမှ ထင်မိကြမှာ မဟုတ်ပါဘူးနော်။ သူမဟာလည်း February 16, 1982 မှာမွေးဖွားတာပဲ ဖြစ်ပါတယ်။ အရမ်းကို နုရွနေဆဲ သူမရဲ့ ချောမောမှုတွေကတော့ အသက်အရွယ်နဲ့ ဘာမှကို ဆိုင်မနေတာပါ။

Yoo Inna

 

အပျိုကြီးမမချော Yoo Inna ကတော့ အားလုံးက အားကျရတဲ့ အလှသရဖူဆောင်း ထိပ်တန်းမင်းသမီးချော တစ်ယောက်ပဲ ဖြစ်ပါတယ်။ Yoo Inna ကို June 5, 1982 မှာ မွေးဖွားခဲ့ပြီး သူမဟာလည်း မကြာခင် လေးဆယ်ပြည့်တော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့် အားလုံးက အံ့သြလောက်အောင်ကို သူမရဲ့ နုပျိုလှပမှုတွေက ထင်ရှားလွန်းပါတယ်။

Han Chaeah

 

 

View this post on Instagram

 

🙂🙃

A post shared by 한채아 🍒 🅲🅷🅰🅴 🅰 🅷🅰🅽 (@chaea_han) on

နောက်ထပ် နာမည်ကြီး မင်းသမီးချော တစ်ယောက်ဖြစ်တဲ့ Han Chaeah ဟာလည်း အခုအချိန်ထိ နုပျိုလှပနေပါတယ်။ သူမကို March 24, 1984 မှာမွေးဖွားခဲ့တာ ဖြစ်ပြီး အသက် 36 နှစ်ရှိပါပြီ။ သူမရဲ့ များစွာသော ဒရာမာဇာတ်ကားတွေက ပရိတ်သတ်တွေရဲ့ အားပေးမှုကို အခိုင်အမာ ရရှိခဲ့ပါတယ်နော်။

Kim Ahjung

 

 

View this post on Instagram

 

🍌

A post shared by AJoong Kim (@ashia_kim) on

အဆိုတော်၊ သရုပ်ဆောင်၊ မော်ဒယ်တစ်ယောက်ဖြစ်တဲ့ Kim Ahjung ကတော့ October 16, 1982 မှာ မွေးဖွားခဲ့တာဖြစ်ပြီး သူမရဲ့ အမိုက်စား ဘော်ဒီ၊ ချောမောလှပတဲ့ ရုပ်ရည်က အခုအချိန်ထိကို ဆွဲဆောင်မှု ပိုနေဆဲပါပဲ။

Han Gain

 

 

View this post on Instagram

 

Han Ga In is a perfect goddess in ‘Marie Claire’.

A post shared by Han Ga In 한가인 (@hgi.0202) on

နှာခေါင်းမှာ မှဲ့လေးနဲ့ အားလုံးရဲ့ အချစ်ကို ရရှိထားတဲ့ မင်းသမီးချော Han Gain ဟာလည်း မကြာခင်မှာပဲ အသက်လေးဆယ်ပြည့်တော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့်လို့ အားလုံးက မထင်ထားလောက်အောင် နုပျိုတဲ့ သူမက ဘယ်လိုမှာ မယုံကြည်နိုင်လောက်အောင် နုပျိုလှပနေဆဲ့ ဖြစ်ပါတယ်။ သူမရဲ့ နာမည်ကြီး ဇာတ်ကားတွေကလည်း အခုအချိန်ထိကို ပရိတ်သတ်တွေရင်ထဲမှာ စွဲမြဲနေဆဲပါနော်။

Khin