Selena Gomez ကတော့ သူမရဲ့ မိတ်ဆွေ Petra Collins နဲ့အတူတွဲဖက်ပြီး ပရိသတ်တွေအတွက် ပရောဂျက်တစ်ခုပြင်ဆင်နေပါပြီ။ Collins က Selena ရဲ့ဗီဒီယိုမှ ဗီဒီယိုအပိုင်းလေးနဲ့ ဓါတ်ပုံတွေကို အင်စတာဂရမ်ပေါ်မှာ တင်ထားတာဖြစ်ပါတယ်။ Selenaရဲ့ ဗီဒီယိုကိုတော့ IGTV မှာ ကြည့်လို့ရမှာ ဖြစ်တယ်လို့လည်း ပြောထားပြီး ဗီဒီယိုထွက်လာမယ့် ရက်အတိအကျကိုတော့ ပြောထားခြင်းမရှိသေးပါဘူး။


ဗီဒီယိုရဲ့ ပုံစံကတော့ စိတ်ကြည်နူးစရာမကောင်းတဲ့အပြင် ကြောက်စရာလည်းကောင်းပေမယ့် ဒီဗီဒီယိုကို Collins က “အချစ်ပုံပြင်” လို့နာမည်ပေးထားတာဖြစ်ပါတယ်။ ဗီဒီယိုနဲ့ ပုံတွေအရတော့ Selena က မျက်လုံးကို ပါးစပ်ထဲထည့်ထားတဲ့ပုံတွေအပြင် သူမရဲ့ ခြေထောက်က ရေခဲမုန့်တွေကို ဓါးနဲ့ သုတ်ပြီး စားနေတာတွေလည်း တွေ့ရမှာပါ။ ဒါတွေက ဘာအဓိပ္ပါယ်လဲဆိုတော့ စိတ်ဝင်စားစရာပါပဲ။



Collinsကတော့ Selena ရဲ့ “Fetish” နဲ့ “Bad Liar” သီချင်းတွေအတွက်လည်း သီချင်းဗီဒီယို ရိုက်ကူးပေးခဲ့တာဖြစ်ပါတယ်။ “Fetish” နဲ့ “Bad Liar” တို့ကလည်း ထူးခြားတဲ့ ပုံစံနဲ့ ရိုက်ကူးထားတဲ့ သီချင်းဗီဒီယိုတွေ ဖြစ်ပါတယ်။ Collins ကတော့ Selena နဲ့အတူ ခြောက်ခြားစရာကောင်းတဲ့ ခံစားချက်ကိုပေးမယ့် ပရောဂျက်တစ်ခု ပြုလုပ်ဖို့ရှိတယ်လို့ ပြီးခဲ့တဲ့နှစ်ကတည်းက အင်တာဗျူးတစ်ခုမှာ ပြောပြခဲ့ပါတယ်။ အခုဗီဒီယိုအသစ်မှာလည်း ဘာအသစ်အဆန်းတွေ တွေ့ရဦးမလဲဆိုတာ ပရိသတ်တွေလည်း သိချင်နေကြပါပြီ။
Source: Enews, Highsnobiety