ပရိသတ်တွေရဲ့ အသဲစွဲမင်းသမီးလေးတစ်ယောက်ဖြစ်တဲ့ ယွန်းယွန်းကတော့  တော်တော်ကိုအရွယ်ရောက်နေပြီနော်။ တက္ကသိုလ်ကျောင်းသူကြီးတောင်ဖြစ်ပြီး ဒုတိယနှစ်တောင်ရောက်နေပါပြီ။

ဇန်နဝါရီလ ၁၀ရက်နေ့မှာဆိုရင်တော့ ယွန်းယွန်းဟာ ပထမနှစ်စာမေးပွဲကြီးကို ထူးချွန်စွာ ဖြေဆိုအောင်မြင်ခဲ့တဲ့အတွက် ဒုတိယဆုကို ဆွတ်ခူးပြီး ဆုရရှိခဲ့ပြီ ဖြစ်ပါတယ်။ စာမေးပွဲဖြေတဲ့အချိန်မှာ စိတ်ပင်ပန်း၊ လူပင်ပန်းဖြစ်ခဲ့ပေမဲ့ ဒုတိယဆုရရှိခဲလို့ အရမ်းကိုပျော်တဲ့အကြောင်းကိုလည်း ရေးထားပါသေးတယ်။

ကူညီပေးခဲ့ကြတဲ့ သူငယ်ချင်းတွေ၊ ဆရာ၊ ဆရာမတွေနဲ့ သူချစ်ရတဲ့ မိဘနှစ်ပါးကိုလည်း ကျေးဇူးတင်ကြောင်း ပြောထားပါသေးတယ်။

Source: Yoon Yoon