ကလေးသရုပ်ဆောင်ဘ၀မှာတည်းက ပရိသတ်အားပေးမှု အခိုင်အမာရလာတဲ့ မင်းသမီးလေး ယွန်းယွန်း ကတော့ ကျောင်းတွေ ပြန်ဖွင့်ပြီဆိုတော့ ကျောင်းပြန်တတ်နေပါပြီ။ ယွန်းယွန်းကတော့ ပညာရေးနဲ့ အနုပညာအလုပ်တွေကို တွဲလုပ်နေသူပါ။ ရန်ကုန် တက္ကသိုလ်မှာ စိတ်ပညာမေဂျာနဲ့ပညာသင်ယူနေပြီး အခုဆိုရင်တော့ ဒုတိယနှစ် ကျောင်းသူကြီး ဖြစ်နေပါပြီ။

ကျောင်းစဖွင့်ချိန်မှာ ကျောင်းပြန်တက်နေပြီဆိုပြီး ယွန်းယွန်းကfb မှာ ပုံလေးတွေ တင်ထားပါတယ်။

“Back to Uni daysss..” ဆိုပြီး တင်ထားတာပါ။

ယွန်းယွန်းကတော့ ကျောင်းပိတ်တဲ့ အချိန်တွေမှာဆိုရင် ကားရိုက်တွေ လက်ခံပြီး ရိုက်ကူးပေးတာကို တွေ့ရပါတယ်။ “ရွှေမင်းသမီးနဲ့လူလိမ်” ဆိုတဲ့ ဇာတ်လမ်းတွဲကို ရိုက်ကူးခဲ့ပါသေးတယ်။ တစ်ဖက်မှာ အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်နေပေမယ့် ယွန်းယွန်းက ပညာရေးဘက်မှာလည်း မလစ်ဟင်းသူပါ။ ယွန်းယွန်းဟာ ပထမနှစ်စာမေးပွဲကြီးကို  ဒုတိယဆုကို ဆွတ်ခူးပြီး ထူးထူးချွန်ချွန်အောင်ြ်မင်ခဲ့ပါတယ်။

from ယွန်းယွန်း