ပရိသတ်တွေ ခေးလေး လို့ ချစ်စနိုးခေါ်ပြီး ချစ်ကြတဲ့ ယွန်းဝတီလွင်မိုး ကတော့ သူမရဲ့ ချစ်ခင်ပွန်းနဲ့ အတူ ပညာရေးကို ဆက်လက်သင်ကြားဖို့အတွက် သြစတျေးလျကို ဖေဖေါ်ဝါရီ၆ရက်နေ့ညမှာ ပြန်သွားခဲ့ပြီ ဖြစ်ပါတယ်။ ယွန်းဝတီလွင်မိုးတို့ ဇနီးမောင်နှံရဲ့ ပညာသင်ခရီးကိုတော့ ဖခင် ဖြစ်သူ လွင်မိုးကလည်း လိုက်လံပို့ဆောင်ပေးခဲ့တာဖြစ်ပါတယ်။

ယွန်းဝတီလွင်မိုးတို့ ဇနီးမောင်နှံကတော့ လက်မထပ်ခင်ကတည်းကလည်း သြစတျေးလျနိုင်ငံမှာ ကျောင်းအတူတူတက်ခဲ့ကြတာဖြစ်ပါတယ်။ သူတို့ နှစ်ဦးကတော့ လက်ထပ်ပြီးတဲ့ အချိန်မှာလည်း ပညာရေးကို ဆက်လက်ပြီး လိုက်စားဖို့ ဆုံးဖြတ်ထားကြပုံပါပဲ။ ခေးလေးရဲ့ ဖခင်ဖြစ်သူ လွင်မိုးကတော့ “အိမ်ထောင်ရေး..ပညာရေး..နေရေး..ထိုင်ရေး..
ရေးပေါင်းများစွာအတွက်..သားနဲ့သမီး..ပြန်ကြလေပြီ”ဆိုတဲ့ စာလေးကို ရေးပြီး သူ့ရဲ့ အကောင့်မှာ ဓါတ်ပုံတွေကို တင်ပေးထားတာဖြစ်ပါတယ်။

ခေးလေးရဲ့ ပရိသတ်တွေကတော့ ခေးလေးကို လွမ်းနေကြတော့မှာပဲနော်။

Source: Lwin Moe