တောင်ကိုရီးယားမင်းသမီးချော Yoon Eun Hye ရဲ့ ဇာတ်ကားတွေကို မျှော်လင့်နေတဲ့ ပရိသတ်တွေ အတွက်တော့ သတင်းကောင်းရှိပါတယ်။ Yoon Eun Hye တစ်ယောက် ငါးနှစ်အတွင်း ပထမဆုံးအကြိမ် ဇာတ်ကားပြန်လည် ရိုက်ကူး တော့မှာပါ။ ဒီအကြောင်းကိုတော့ သူမရဲ့ အေဂျင်စီကနေ မေလ(၁၇)ရက်နေ့က တရားဝင် အတည်ပြု ပေးလိုက်ပါပြီ။ ဇာတ်ကားကို ကမ်းလှမ်းထားတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့တာတော့ နည်းနည်းကြာပါပြီ။ လက်ခံလိုက်တဲ့ သတင်းကတော့ အခုမှ ထွက်ပေါ်လာတာပါ။

‘Excitement Warning’ ဆိုတဲ့ ဇာတ်ကားမှာ ခေါင်းဆောင်မင်းသမီးနေရာကနေ သရုပ်ဆောင်သွားမှာဖြစ်ကြောင်း၊ သူမ ရိုက်ကူးမယ့် ဇာတ်ကားကတော့ အချစ်ဟာသဇာတ်ကားလို့ သိရပါတယ်။ ဒီကားမှာတော့ ထိပ်တန်းမင်းသမီး Yoon Yoo Jung ဆိုတဲ့ ဇာတ်ကောင်နေရာကနေ ပါဝင်သရုပ်ဆောင်မှာပါ။ မိန်းကလေးတွေကြားမှာ နာမည်ကြီး ရေပန်စားပေမယ့် ဒိတ်လုပ်ဖို့ စိတ်မ၀င်စားတဲ့ Cha Woo Hyun ဆိုတဲ့ အရေပြား အထူးကုဆရာဝန်နဲ့ လွန်ခဲ့တဲ့ (၁၅)နှစ်တုန်းက ပွဲဦးထွက်ခါစမှာ ဒိတ်နဲ့ပတ်သက်တဲ့ မကောင်းသတင်းတွေကြောင့် ဒိတ်မလုပ်နိုင်တဲ့ ထိပ်တန်းမင်းသမီး Yoon Yoo Jung တို့ရဲ့ အကြောင်းပါ။ အဲ့ဒီ web novel ဟာ (၂၀၁၆)တုန်းက best seller ဖြစ်ခဲ့ပါတယ်။ စာဖတ်သူတွေ အားလုံးက ဇာတ်ကားအဖြစ် ဖန်တီးဖို့ ဆန္ဒရှိနေခဲ့တာပါ။ ဘယ်အချိန်လွှင့်မလဲ ဆိုတာကိုတော့ အခုထိ မကြေညာသေးပါဘူး။
Yoon Eun Hye ကတော့ ‘Marry Him if You Dare’  (၂၀၁၃) နဲ့ ‘Goddess’ Fashion‘. ဆိုတဲ့ Show မှာ ပါဝင်ပြီး နောက်ပိုင်းတည်းက ပျောက်နေတာကြာခဲ့ပါပြီ။ ဒီကားကတော့ ငါးနှစ်တာ ကာလအတွင်း သူမရဲ့ ပထမဆုံး ဒရမ်မာကား ဖြစ်လာမှာပါ။
Source allkpop