Yoo Jae Suk ကတော့ တောင်ကိုရီးယားရဲ့ နာမည်ကြီး MC ကြီးတစ်ယောက် ဖြစ်သလို television person ality တစ်ယောက်ပါ။ Running Man ရဲ့ အဖွဲ့ဝင်တစ်ယောက်လည်းဖြစ်ပြီး အတော်လေးကို လူချစ်လူခင်များပြားသူပါ။ ပရိသတ်တွေရဲ့ အချစ်တော် MC ကြီးကတော့ ‘Running Man’ မှာ ကရင်းနဲ့ ဒဏ်ရာအနည်းငယ် ရရှိခဲ့ပါတယ်။

Yoo Jae Suk ကတော့ Idol တွေရဲ့ အမာခံပရိသတ်တစ်ယောက် ဖြစ်သလို ကိုယ်တိုင်လည်း အကကို အရမ်းဝါသနာပါ ခုံမင်သူတစ်ယောက်ပါ။ အားပေးသူ ရှိရှိ၊မရှိရှိ တစ်ကိုယ်တော် တစ်ယောက်တည်းလည်း ကနေရရင်ကို ပျော်နေသူပါ။ဇွန်လ (၁၇)ရက်နေ့က RM ရဲ့ အပိုင်းမှာတော့ အဖွဲ့ဝင်တွေ အားလုံးအတူ ၀ိုင်းဖွဲ့ စားသောက်ခဲ့ကြပါတယ်။ အဲ့ဒီမှာပဲ သူ့ရဲ့ ကရင်း လဲကျ အရှက်ရခဲ့တဲ့ အကြောင်းကို ပြောခဲ့ပါတယ်။ BTS ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ သီချင်း “Fake Love” ကို ဖွင့်ချိန်မှာ Yoo Jae Suk  နဲ့ ဧည့်သည် 9MUSES ရဲ့ Kyungri တို့ဟာ သီချင်းနဲ့စပြီး ကခဲ့ပါတယ်။ အဲ့ဒီမှာပဲ Yoo Jae Suk က ကရင်းနဲ့ အရမ်းတွေ အားပါလာပြီး ပန်းကန်လုံးပုံစံ ကွင်းကြီးရဲ့ ဟိုဖက် ဒီဖက်ကို ကရင်းနဲ့ မတော်တဆ ခြေချော်ပြီး အပြင်ကို ပြုတ်ကျသွားခဲ့ပါတယ်။

 

ကံကောင်းစွာနဲ့ပဲ Yoo Jae Suk တစ်ယောက် ဒဏ်ရာတော့ ပြင်းပြင်းထန်ထန် မရလိုက်ပဲ ဒဏ်ရာအနည်းငယ်ပဲ ရခဲ့ပါတယ်။ ဒါပေမယ့် အပိုင်းရဲ့ နောက်ဆုံး နေရာလောက်မှာတော့ မျက်ခုံးမှာ ပလာစတာကပ်ထားတာကို တွေ့လိုက် ရပါတယ်။ Lee Kwang Soo ကတော့ “ဘယ်လောက်များစိတ်လှုပ်ရှားခဲ့လို့ ဒီလောက် အမြင့်ကြီးထိ ခုန်နိုင်ခဲ့တာလဲ” ဆိုပြီး ဟာသနှောကာ မှတ်ချက်ပေးခဲ့ပါတယ်။

Source soompi