မင်းသမီးချောလေး ယဉ်လတ်ကတော့ ဒီနေ့ (မေ ၁၇)ရက်နေ့မှာ ယာဉ်မတော်တဆမှုတစ်ခုနဲ့ ကြုံခဲ့ရတယ်လို့ သိရပါ တယ်။ ယာဉ်မတော်တဆမှုကြောင့် အလုပ်လာဖို့ မဖြစ်နိုင်တော့တဲ့ အတွက်လည်း တောင်းပန်စကား ဆိုထားပါတယ်။ ကိုယ့်လမ်းကြောင်းပေါ်မှာ လမ်းမှန်အတိုင်း မောင်းလာခဲ့ပေမယ့် သူမထိုင်နေတဲ့ ကားဘက်ခြမ်းကို တည့်တည့်ကြီး အတိုက်ခံလိုက်ရတာပါ။ အရှိန်အရမ်းကြီး မပြင်းတဲ့ အတွက် ဆိုးဆိုးရွားရွား ထိခိုက်သွားတာမျိုးတော့ မရှိခဲ့ပါဘူး။

“Awwwwwnnnn… :'(ဒီနေ့အတွက် အလုပ်ကို ယဉ်လက်မလာနိုင်တော့တဲ့အတွက် အနူးညွတ်တောင်းပန်ပါတယ် … :'(ဘာကြောင့်များ ဒီရက်ပိင်း အတိုက်အခိုက်တွေ သိပ်များနေရတာလဲကွယ် :'(ကိုယ်ထိုင်နေတဲ့နေရာတည့်တည့်ကြီး … :'(ကိုယ့်လမ်းကြောင်းအမှန်အတိုင်း ပုံမှန်လေးမောင်းနေတာပါ… :'(
သူ့ဘက်က အခုထက် နည်းနည်းလေးသာ ပိုပြီးအရှိန်ပြင်းခဲ့ရင် … :'(ဟုတ်ကဲ့ … ကျွန်မ ကုသိုလ်လေးထပ်ပြီးဆက်ပေးဖို့လိုလာပြီ…” ဆိုပြီး ထိခိုက်ပျက်စီးသွားတဲ့ ကားပုံနဲ့ အတူ တင်ထားပါတယ်။

ယဉ်လတ်ကတော့ ပရိသတ်တွေကြားမှာ ဖိုက်တင်မင်းသမီးဆိုပြီး နာမည်ကြီးပါတယ်။တိုက်ကွမ်ဒို ခါးပတ်နက် ပိုင်ရှင်လေးပါ။ ယဉ်လတ်ကတော့ “သရာစောထိ..” ဇာတ်ကားမှာ နော်ပဲလှော်ဆိုတဲ့ ဇာတ်ကောင်နေရာကနေ သရုပ်ေ ဆာင် ပြီး ပရိသတ်အားပေးမှုရခဲ့ပါတယ်။ ”စစ်​ကို မုန်း​၍တိုက်​ခဲ့သည် ” ဇာတ်ကားမှာ ဆိုရင် သူမက ခင်လေး ဆိုတဲ့ ဇာတ်ကောင်နေရာကနေ ပါဝင်ပြီး ပရိသတ်မေတ္တာကို ရရှိခဲ့ပါတယ်။

from ယဉ်လတ်