Blackpink ရဲ့ Lovesick Girls ဆိုတဲ့ MV ထွက်ရှိလာတဲ့နောက်မှာ ကြည့်ရှုသူပေါင်း သန်းချီ ရှိခဲ့သလို ဝေဖန်မှုတွေကလည်း အရမ်းကို မြင့်တက်သွားခဲ့ပါတယ်။ အကြောင်းအရင်းကတော့ Blackpink ရဲ့ MV ထဲမှာ သူနာပြုဝတ်စုံကို တကယ့်ပုံစံမဟုတ်ဘဲ ပုံစံပြောင်း ဝတ်ထားတာကြောင့် ဖြစ်ပါတယ်။

ဒီ MV ထဲမှာ Jennie က သူနာပြုဝတ်စုံ ဝတ်ဆင်ထားတဲ့ အပိုင်း ပါဝင်ထားပါတယ်။ ဒီအတွက် ပရိသတ်တွေက ပေါင်ကပ်ကပ် စကပ်တိုတိုနဲ့ ဒေါက်ဖိနပ် အနီရောင် ခပ်မြင့်မြင့်ကို စီးထားတာက သူနာပြုတွေရဲ့ ပုံရိပ်ကို sexy ဆန်ဆန် ဖော်ပြထားခံရတာပါပဲလို့ ပြစ်တင်ပြောဆိုခဲ့ကြတာပါ။ ကိုရီးယားနိုင်ငံရဲ့ ကျန်းမာရေးလုပ်သားများသမဂ္ဂကလည်း ဒီအချက်ကို တရားဝင် ကန့်ကွက်ထားပါတယ်လို့ soompi ကနေ ရေးသားထားခဲ့ပါတယ်။

 

 

View this post on Instagram

 

A post shared by 디스패치 인스타그램 (@koreadispatch) on

ပရိသတ်တွေကတော့ သူနာပြုတွေက ဒီလိုမျိုး ပုံဖော်ခံရမယ့် သူတွေ မဟုတ်ဘူးလို့ ပြောဆိုပြီး အမျိုးသမီး သူနာပြုတွေကို အရင့်အရင်တည်းက အခုလို လိင်ပိုင်းဆိုင်ရာ မြူဆွယ်တဲ့ ပုံရိပ်ဆန်ဆန်တွေ အမြဲ သုံးခဲ့ကြလို့ သူနာပြုတွေရဲ့ အခွင့်အရေးကို ထိပါးမှုတွေ ခံနေတာ ရှိလို့ အခုလို ဝတ်ဆင်ခဲ့တာက အတော်ဆိုးပါတယ်လို့ ပြောဆိုမှုတွေ ရှိနေပါတယ်။

 

 

View this post on Instagram

 

A post shared by Adolescent Media (@adolescentmedia) on

အခုလို ကပ်ဘေးကာလမှာ ဆရာဝန်တွေနဲ့ သူနာပြုတွေက ရှေ့တန်းကနေ ပြည်သူတွေရဲ့ အသက်အန္တရာယ်တွေ တိုးပွားမလာစေဖို့ အသက်နဲ့ ရင်းပြီး တာဝန်ထမ်းဆောင်နေတဲ့အချိန်မှာ လူအများက လေးစားမှုတွေ ပိုဖြစ်နေပြီး အခုလို ပုံစံမျိုးတွေကို မြင်လိုက်ရလို့ ပိုပြီး ဝေဖန်မှုတွေက ပြင်းထန်လျက် ရှိနေပါတယ်။

 

 

View this post on Instagram

 

A post shared by YG Entertainment Official (@yg_ent_official) on

ဒီလို ဝေဖန်မှုတွေ အရမ်းကို မြင့်တက်နေတာမို့ YG ကတော့ အခုလို တုန့်ပြန်ပြောဆိုထားပါတယ်။

ပထမဆုံးအနေနဲ့ ကျွန်တော်တို့က အခုလို ကပ်ဘေးမှာ ရှေ့တန်းကနေ အသက်နဲ့ ရင်းပြီး ကာကွယ်ပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေ ဖြစ်တဲ့ သူနာပြုတွေကို တကယ့်ကို အလေးအနက်ထားပြီး လေးစားပါတယ်ဆိုတာကို ပြောလိုပါတယ်။

Lovesick Girls က နာကျင်ရတာတောင်မှ အချစ်ကို ဘာလို့ ဆက်ရှာနေကြရလဲဆိုတဲ့ အချက်ကို အဓိက ပေါ်လွင်အောင် ဖော်ပြထားတဲ့ သီချင်း ဖြစ်ပါတယ်။

MV မှာ ပြထားတဲ့ သူနာပြုပုံစံ ပြကွက်ကလည်း သီချင်းစာသား ဖြစ်တဲ့ အချစ်နာကျနေတာကို ဘယ်ဆရာဝန်မှ ကုသမပေးနိုင်ပါဘူးဆိုတဲ့ စာသားကို ရည်ညွှန်းထားတာ ဖြစ်ပါတယ်။ ဒီထက်ပိုပြီး တခြား ဘာကိုမှ မရည်ရွယ်ထားပါဘူး။ လိုရာဆွဲပြောတဲ့ ဝေဖန်မှုတွေအတွက်တော့ တကယ့်ကို စိတ်မကောင်းပါဘူး။

သီချင်းကို ဖော်ပြဖို့ကလွဲရင် ကျွန်တော်တို့ရဲ့ MV မှာ တခြား ဘာကိုမှ မရည်ရွယ်ထားပါဘူးလို့ ပြောချင်ပါတယ်။ လို့ ထုတ်ပြန်ပြောဆိုထားခဲ့ပါတယ်။

 

 

View this post on Instagram

 

A post shared by YG Entertainment Official (@yg_ent_official) on

သူတို့နိုင်ငံရဲ့ အလုပ်တွေအပေါ် ထားရှိတဲ့လေးစားမှုက တကယ့်ကို မြင့်မားတယ်ဆိုတာ ဒီလို ဝေဖန်တဲ့ အဖြစ်ကို ကြည့်ပြီး တွေ့ရမှာ ဖြစ်ပါတယ်။

Kham