YG Entertainment ကတော့ Han Seo Heeဟာ သူတို့ရဲ့ ကုမ္ပဏီမှာ trainee ဖြစ်ခဲ့ဖူးခြင်းမရှိပါဘူးလို့ အတိအလင်း ငြင်းဆိုလိုက်ပြီဖြစ်ပါတယ်။

iKON အဖွဲ့ဝင် B.I ကို တရားမဝင်ဆေးဝယ်ယူဖို့အတွက် ‘A’ ဟာ ၂၀၁၆ ခုနှစ်က သွေးဆောင်ခဲ့တယ်ဆိုပြီး နာမည်ဝှက်နဲ့ Dispatch သတင်းဌာနကနေ သတင်းထုတ်ပြီးတဲ့နောက်မှာတော့ B.I ဟာ အဖွဲ့ကနေ ထွက်တဲ့အထိဖြစ်ခဲ့ပါတယ်။ အဲဒီ ‘A’ ကတော့ YG ဟာ ရဲတွေနဲ့ အဆက်အသွယ်ရှိပြီး B.I ရဲ့ အမှုကို ဖုံးဖို့အတွက် လုပ်နေတယ်လို့ ထွက်ဆိုခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ‘A’ ဆိုတဲ့သူဟာ Han Seo Hee ဖြစ်တဲ့အကြောင်းပေါ်လာခဲ့ပါတယ်။

from hanseohee instagram
from hanseohee instagram

YG Entertainment ကတော့ ” ‘A’,လို့အခုအများသိထားတဲ့သူဟာ ဘယ်တုန်းကမှ YG Entertainmentရဲ့ trainee ဖြစ်ခဲ့ဖူးခြင်းမရှိပါဘူး။ မီဒီယာတွေကိုလည်း ဒီအကြောင်းနဲ့ပတ်သတ်ပြီး ပြန်လည်ပြင်ဆင်ဖို့ ပြောထားပြီးပြီဖြစ်ပါတယ်။ သတင်းအမှားတွေကိုလည်း ရီပို့လုပ်သွားမှာဖြစ်ပါတယ်။ ဒါကြောင့် ‘A’ ဆိုတဲ့သူဟာ YGရဲ့  trainee ဘယ်တုန်းကမှ မဟုတ်ခဲ့ဘူးဆိုတာ အသိပေးချင်ပါတယ်။” လို့ အတိအလင်း စာထုတ်ခဲ့တာဖြစ်ပါတယ်။

from hanseohee instagram

 

SOurce: Koreaboo