ပြီးခဲ့တဲ့ ဇွန်လ(၃)ရက်နေ့က မင်းသမီးချောလေး စံရတီမိုးမြင့်ရဲ့ မွေးနေ့လေးပါ။ မွေးနေ့မှာ စံရတီမိုးမြင့်ဝတ်ခဲ့တဲ့ အ၀ါရောင် ၀တ်စုံလေးဟာ ပရိသတ်တွေကြား အထူးရေပန်စားပြီး သဘောကျလို့ နေကြပါတယ်။

မွေးနေ့မှာလည်း ပရိသတ်တွေနဲ့ ရွှေတိဂုံစေတီပေါ်မှာ ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့တဲ့ စံရတီမိုးမြင့်ကို သူမရဲ့ ပရိသတ်တွေက အချစ်ပိုခဲ့ကြပါတယ်။ စံရတီမိုးမြင့်ဟာ သူမရဲ့ ပရိသတ်တွေကိုလည်း တလေးတစားနဲ့ FB ပေါ်ကတစ်ဆင့် ကျေးဇူးတင်စ ကား ပြောခဲ့ပါသေးတယ်။

အခုလည်း စံရတီမိုးမြင့်ဟာ လူကြိုက်များနေတဲ့ သူမရဲ့ အ၀ါရောင်ဝတ်စုံလေးနဲ့အတူ ဓာတ်ပုံအသစ်တွေ ထပ်ပြီး တင်ပေးလိုက်ပြန်ပါပြီ။ ဒီတစ်ခါမှာတော့ “အဝါရောင်လေးကိုချစ်နေတယ်💛💛” လို့ Caption ထိုးထားပါတယ်။ Caption ရဲ့ အောက်မှာတော့ သူမကို ဓာတ်ပုံရိုက်ပေးခဲ့တဲ့ Amazing Grace က ဓာတ်ပုံပညာရှင် 📸Nay Min Tun၊ အလှပြင်ပေးခဲ့တဲ့ မိတ်ကပ်ပညာရှင် 💁🏻‍♀️ Si Thu Kyi Yan နဲ့ ၀တ်စုံဒီဇိုင်းပြင်ဆင်ပေးခဲ့တဲ့ 👗 Su Myat Thiri တို့ကိုလည်း ဖော်ပြခဲ့ပါတယ်။  မြန်မာဆန်ဆန် အ၀ါရောင် ဇာအကျီ င်္၊ အ၀ါရောင် ထမီ၊ အ၀ါရောင်ဖိနပ်၊ အ၀ါရောင် လက်ကိုင် အိတ်တို့နဲ့ အ၀ါရောင်ဝမ်းဆက်ဝတ်ထားတဲ့ စံရတီမိုးမြင့်ကတော့ အရမ်းကို ပေါ်လွင်ထင်ရှားလို့ နေပါတယ်။

စံရတီမိုးမြင့်ရဲ့ ပုံလေးတွေကြည့်ပြီး ပရိသတ်တွေကော အချစ်ပိုသွားကြပြီလား ……

Source : San Yati Moe Myint