ပြီးခဲ့တဲ့ဒီဇင်ဘာလ(၃၁)ရက်ညက ဟာသသရုပ်ဆောင် အောင်ရဲထွေးဟာ အမည်မသိလူတစ်စုရဲ့ ၀ိုင်းရိုက်မှုကိုခံရပြီး (၂)ရက်အကြာ(ဇန်နဝါရီလ ၂ ရက်နေ့)မှာ ဆေးရုံမှာ သေဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ အောင်ရဲထွေးရဲ့ သေဆုံးမှုနဲ့ ပတ်သတ်ပြီး ကောလာဟလတွေ များစွာထွက်ပေါ်လျက်ရှိပါတယ်။ မနေ့ညမှာတော့ ဖေစ်ဘုတ်အကောင့်ပိုင်ရှင်တစ်ယောက်က  ၀ိုင်းရိုက်တဲ့သူတွေကို အောင်ရဲထွေးရှိတဲ့နေရာကို ညွှန်ခဲ့တာဟာ “အောင်ရဲထွေးနဲ့ အတူနေပြီး ဗီဒီယိုတွေရိုက်တဲ့ ဖေစ်ဘုတ်ဆယ်လီပဲ”လို့ ဖေစ်ဘုတ်ပေါ်မှာ တင်ခဲ့ပြီးနောက်မှာတော့ အောင်ရဲထွေးနဲ့လည်း ရင်းနှီးတဲ့ ဖေစ်ဘုတ်ပေါ်မှာ ဟာသဗီဒီယိုတွေတင်လေ့ရှိတဲ့ ရဲရင့်ကနေ ပြန်လည်ပြီးတော့ သူရဲ့ ဖေစ်ဘုတ်မှာ ဖြေရှင်းခဲ့ပါတယ်။

 

အဲ့ဒီနောက်မှာတော့ ပိုစ့်ပိုင်ရှင် အောင်ခန့်ရှင်းကလည်း “ရဲရင့် အောင်ရဲထွေးရှိတဲ့နေရာကိုပြောမိတယ်ဆိုတာက အောင်ရဲထွေးကို ဒီလိုလာလုပ်မှန်းမသိလို့ပါ” လို့ပြန်ပြီးတော့ ရေးသားခဲ့ပါတယ်။

အောင်ရဲထွေးကိုသတ်ခဲ့တဲ့ တရားခံအစစ်ကို အခုထိတော့ မဖမ်းမိသေးပေမဲ့ အောင်ရဲထွေးရဲ့ သေဆုံးမှုနဲ့ ပတ်သတ်ပြီး ကောလာဟလတွေတော့ ဆက်တိုက်ထွက်ပေါ်လျက်ရှိပါတယ်။

Source: Ye Yint