အရုပ်မလေးအလားလှလွန်းတဲ့ မော်ဒယ်၊မင်းသမီးလေး ဧငြိမ်းဖြူနဲ့ မိန်းကလေးပရိသတ်တွေရဲ့ အသည်းကျော် အဆိုတော် တစ်ဦးဖြစ်တဲ့ ရဲရင့်အောင်တို့ စုံတွဲကတော့ ပရိသတ်တွေ ချစ်ခင်အားပေးကြတဲ့ အနုပညာရှင် စုံတွဲတစ်တွဲဖြစ်ပါတယ်။ သူတို့နှစ်ေ်ယာက်ကတော့ အမြဲအတွဲညီညီနဲ့ တွေ့ရတတ်လို့ ပရိသတ်တွေအားကျရတဲ့ အိုင်ဒေါစုံတွဲလည်း ဖြစ်ပါတယ်။

ဧပြီလ(၂၅)ရက်နေ့မှာ ကျရောက်တဲ့ ဧငြိမ်းဖြူရဲ့မွေးနေ့ပွဲအတွက် သန်လျင်က “သဘာဝတရားရိပ်သာ”မှာရှိတဲ့ ခိုကိုးရာမဲ့သူတွေကို အလှူဒါနပြုတဲ့ပွဲမှာလည်း ရဲရင့်အောင်က အတူပါဝင်ပြီး ကုသိုလ်ကောင်းမှု ပြုလုပ်ခဲ့ပါသေးတယ်။ ဒီပွဲမှာတော့ နှစ်ယောက်သား စိတ်ကောက်နေကြပေမယ့်လည်း ဒါနကုသိုလ်ကို အတူတူ ပြုပြီး မွေးနေ့ပွဲလေးကို ပရိသတ်တွေနဲ့ အတူတူ ကျင်းပခဲ့တာကိုတွေ့ရမှာပါ။

ချစ်စရာကောင်းတဲ့ ဧငြိမ်းဖြူနဲ့ ရဲရင့်အောင်တို့စုံတွဲရဲ့ မွေးနေ့ပွဲက ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

Source: A Nyein Phyu