ပရိသတ်တွေချစ်ကြတဲ့ မင်းသမီးတစ်ဦးဖြစ်တဲ့ အိချောပိုကတော့ ရုပ်ရှင်ဇာတ်ကားတွေကို မနားတမ်းရိုက်ကူးနေရတဲ့ သူတစ်ဦးဖြစ်ပါတယ်။ လတ်လလောမှာလည်း အိချောပိုဟာ အနုပညာအလုပ်တွေကို ပြန်လည်လုပ်ကိုင်နေတဲ့ သရုပ်ဆောင် မင်းသား ရဲတိုက်နဲ့အတူ ဇာတ်ကားတစ်ခုမှာ ပါဝင်သရုပ်ဆောင်လျက် ရှိပါတယ်။

ဒီဇာတ်ကားရဲ့ နာမည်ကတော့ “မှန်”လို့အမည်ရပြီး ဒါရိုက်တာသားညီက ဦးစီးရိုက်ကူးနေတာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာလည်း ရဲတိုက်နဲ့ အိချောပိုတို့ ဘယ်လိုအတွဲညီညီ သရုပ်ဆောင်ကြမလဲဆိုတာတော့ ပရိသတ်တွေ စောင့်မျှော်ကြည့်ရှုရမှာ ဖြစ်ပါတယ်။

Source: Ei Chaw Po