“ရာဇဝင်ရိုင်းခဲ့သည်” ရုပ်ရှင်ဇာတ်ကားကြီးကတော့ ရုံမတင်ခင်ကတည်းက ပရိသတ်တွေရဲ့ အာရုံစိုက်မှုတွေ၊ အားပေးမှုတွေကို တခဲနက်ရရှိခဲ့တဲ့ ဇာတ်ကားပါ။ အခြားဇာတ်ကားတွေနဲ့ မတူတဲ့ ဇာတ်အိမ်တွေနဲ့ တည်ဆောက်ထားတဲ့ ဇာတ်ကားတစ်ကားဖြစ်တဲ့ “ရာဇဝင်ရိုင်းခဲ့သည်”ကတော့ ရုံတင်တဲ့နေ့ကတည်းက စပြီး ဝက်ဝက်ကွဲတဲ့ အောင်မြင်မှုတွေကို ရရှိနေတာဖြစ်ပါတယ်။

ဒီကနေ့မှာတော့ “ရာဇဝင်ရိုင်းခဲ့သည်” အဖွဲ့သားတွေဟာ သူတို့ရဲ့ ရုပ်ရှင်ကားကြီး ဖြစ်မြောက်ဖို့အတွက် လူရောစိတ်ပါ ကူညီပံ့ပိုးပေးခဲ့တဲ့ အနုပညာရှင်နှစ်ဦးဖြစ်တဲ့ နေရွှေသွေးအောင်နဲ့ စိုင်းစည်တွမ်ခမ်းတို့ကို ကျေးဇူးတင်စကား ပြောထားပါတယ်။ “ရာဇဝင်‌ရိုင်းခဲ့သည်‌ ဒီဇာတ်ကားကိုစတင်‌ရိုက်‌ကူးချိန်‌မှ ရုံတင်‌ချိန်‌အထိ လူ‌ရောစိတ်‌ပါကူညီ‌ပေးတဲ့ ကို‌နေ‌ရွှေ‌သွေး‌အောင်‌၊ ကိုစိုင်းနှင့်‌ အား‌ပေးသူ ချစ်‌မိတ်‌‌ဆွေ အ‌ပေါင်းတို့အား ရာဇဝင်‌ရိုင်းခဲ့သည်‌ အဖွဲ့သားများမှ အထူး‌ကျေးဇူးတင်‌ရှိပါသည်‌” လို့ရေးသားပြီး ကျေးဇူးတင်စကား ပြောကြားထားတာဖြစ်ပါတယ်။

“ရာဇဝင်ရိုင်းခဲ့သည်” ဇာတ်ကားမှာတော့ ဇေရဲထက်၊ အောင်လေး၊ ဇင်ဇင်ဇော်မြင့်၊ ရဲအောင်၊ ခင်ဇာခြည်ကျော်နဲ့ Aခွန်းပန်တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြတာဖြစ်ပါတယ်။ လတ်တလောရုံတင်နေတဲ့ ဇာတ်ကားတွေထဲမှာတော့ “ရာဇဝင်ရိုင်းခဲ့သည်” ဇာတ်ကားက လူငယ်ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုတွေ အများဆုံးရရှိထားတဲ့ ဇာတ်ကားကြီး တစ်ကားလည်း ဖြစ်ပါတယ်။

Source: “ရာဇဝင်ရိုင်းခဲ့သည်”