“ရာဇ၀င်ရိုင်းခဲ့သည်” ဇာတ်ကားကတော့ (6.7.2018)ရက်နေ့က စပြီး ရုံတင်ပြသနေပါပြီ။ ဒီဇာတ်ကားကတော့ ဇာတ်ကား Trailer နဲ့တင်ပဲ ပရိသတ်တွေကို အတော်လေး ဆွဲဆောင်နိုင်ခဲ့ပါတယ်။ ဒီဇာတ်ကားကိုတော့ ဇာတ်ညွှန်း ဒါရိုက်တာ ရွှေရေးထင်ထင်က ရိုက်ကူးပုံဖော်ထားတာပါ။ ဇေရဲထက်၊ ရဲအောင်၊ ခင်ဇာခြည်ကျော်၊ အောင်လေး၊ A ခွန်းပန်တို့နဲ့ အတူပါဝင် သရုပ်ဆောင်ထားပါတယ်။

 

ဒီဇာတ်ကားကတော့ အနုပညာလောကနဲ့ (၈)နှစ်လောက် ဝေးကွာခဲ့တဲ့ မင်းသမီးဇင်ဇင်ဇော်မြင့်ရဲ့ အနုပညာလောကသို့ ပြန်လာတဲ့ တကျော့ပြန်ခြေလှမ်းတစ်ခုပါ။”ရာဇဝင်ရိုင်းခဲ့သည်”အဖွဲ့သားတွေဟာ MRTV 4  ရဲ့ Morning Show မှာ ပါဝင်ခဲ့ကြပါတယ်။အောင်လေးရဲ့ fb မှာတော့ အဖွဲ့သားတွေနဲ့ အတူ Morning  Show မှာ ပါဝင် ဖြစ်ခဲ့တဲ့ အကြောင်းကို တင်ထားပါတယ်။

“MRTV 4 မှာ”ရာဇဝင်ရိုင်းခဲ့သည်”အဖွဲ့သားများရဲ့ morrning Show ဘယ်သူတွေကြည့်လိုက်ရလဲခင်ဗျ..” ဆိုပြီး ရေးထားတာပါ။အောင်လေးကတော့“ရာဇ၀င်ရိုင်းခဲ့သည်” ဇာတ်ကားထဲက သူ့ရဲ့ သရုပ်ဆောင်ချက်တွေ ကြောင့် ပရိသတ် အားပေးချီးကျူးမှုကို ရခဲ့ပါတယ်။

FROM