နာမည်ကျော်  အိုင်ဒေါအဖွဲ့တွေကို မွေးထုတ်ပေးနေတဲ့ YG Entertainment ကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းက သူရဲ့ အေဂျင်စီက အိုင်ဒေါတစ်ဦးဖြစ်တဲ့ iKON အဖွဲ့ဝင် B.I. ရဲ့ တရားမဝင်ဆေးဝယ်ယူတဲ့အမှုကိစ္စဖြစ်သွားခဲ့ပြီးတဲ့နောက် ကုမ္ပဏီရှယ်ယာတွေ တဟုန်ထိုး ဆင်းကျသွားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ YG Entertainment မှာ တရားမဝင်ဆေးသုံးစွဲသူ ထက်ရှိပါသေးလို့ သတင်းတွေထပ်ထွက်လာခဲ့ပါတယ်။

Koreaboo

ဒီကနေ့မှာတော့ YG Entertainment  ရဲ့ CEO တစ်ယောက်လို့ လူသိများတဲ့ Yang Hyun Suk က အားလုံးကို လွှတ်ချပြီး အေဂျင်စီကနေ နှုတ်ထွက်ပြီဖြစ်တဲ့အကြောင်းကို အသိပေးခဲ့ပါတယ်။ Yang Hyun Suk  ကတော့ ၂၃ နှစ်ကြာ YG ကို ပျိုးထောင်လာခဲ့တဲ့ သူတစ်ေ်ယာက်လည်းဖြစ်ပါတယ်။

Koreaboo

သူကတော့ သူကြောင့်  YG Entertainment ရဲ့ အနုပညာရှင်တွေ၊ပရိသတ်တွေ ထပ်မရှိလောက်တော့ဘူးလို့လည်း မျှော်လင့်ပါတယ်လို့ပြောထားပြီး ဒီလိုအခြေအနေမှာတောင် အလုပ်ကိုပဲကြိုးစားလုပ်ေ်နတဲ့ YG Entertainment ရဲ့ ဝန်ထမ်းတွေကို ကျေးဇူးတင်တဲ့အကြောင်းကို ပြောထားပါတယ်။ လတ်တလောမှာ ပေါ်ပေါက်နေတဲ့ သတင်းတွေနဲ့ ပတ်သတ်ပြီး အဖြစ်မှန်ကိုတော့ ရှေ့လျှောက် စစ်ဆေးမေးမြန်းမှုတွေမှာ ဖော်ထုတ်သွားပါမယ်လို့ Yang Hyun Suk ကပြောထားပါတယ်။

koreaboo

Source: Koreaboo