သီချင်းချစ်သူပရိသတ်တွေရဲ့ အသည်းစွဲ အဆိုတော်မလေးတစ်ယောက်ဖြစ်တဲ့ ရတနာမိုင်ကတော့ Fujifilm ကင်မရာရဲ့ ကြော်ငြာတစ်ခုမှာ ပါဝင်သရုပ်ဆောင်လျက် ရှိပါတယ်။ ဒီကြော်ငြာကိုတော့ ကော်ဖီဆိုင်လေးတစ်ခုမှာ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။

အဆိုတော်မလေး ရတနာမိုင်ကတော့ အစိမ်းပုတ်ရောင် ဂါဝန်လေးဝတ်ထားပြီး အရမ်းကို ကြည့်လို့ကောင်းနေတဲ့အပြင်
ဆံပင်စတိုင်လေးကလည်း သူမနဲ့ အရမ်းကိုလိုက်ဖက် လွန်းပါတယ်။ ရတနာမိုင်ရဲ့ ချစ်ပရိသတ်တွေအတွက် ဒီဇိုင်းအဆန်းလေးနဲ့ အရမ်းကိုမိုက်နေတဲ့ ရတနာမိုင်ရဲ့ ဓါတ်ပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

ရတနာမိုင်ကတော့ ၂၀၁၇ ခုနှစ်အတွက် သီချင်းတောင်းဆိုမှုအခံရဆုံး အမျိုးသမီးတေးသံရှင်ဆုကို ရရှိထားတဲ့ အောင်မြင်တဲ့ အဆိုတော် တစ်ယောက်လည်း ဖြစ်ပါတယ်။

Source:Yadanar My