ဝိုင်းလေးကတော့ အိမ်မက်ဆုံရာ အဆိုပြိုင်ပွဲရဲ့ ပြိုင်ပွဲ ၀င်တစ်ယောက်အဖြစ်ကနေ ဂီတလောကထဲ ၀င်ရောက်လာ ခဲ့သူပါ။သီချင်းလည်း အဆိုကောင်းသလို လှပကျော့ရှင်းတဲ့ ရုပ်ရည်ကို ပိုင်ဆိုင်ထားတဲ့ သူမဟာ Miss Myanmar World  ပြိုင်ပွဲ ကိုလည်း ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ဒီလိုနဲ့ပဲ  Miss Myanmar World  2014 အလှမယ်သ ရဖူကို ဆွတ်ခူးခဲ့ပြီး Miss World အလှမယ်ပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံရဲ့ ကိုယ်စားပြု အလှမယ်တစ်ယောက်အဖြစ် ၀င် ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။သူမဟာ (၂၀၁၅)တုန်းက Selfie ဆိုတဲ့ အယ်ဘမ် ထွက်ရှိခဲ့ပြီး (၂၀၁၈)  ဖေဖော်ဝါရီ တုန်းက “ဝိုင်း” ဆိုတဲ့ ဒုတိယမြောက် အယ်ဘမ် ထွက်ရှိခဲ့ပါတယ်။

Image :fb/Wyne Lay
Image :fb/Wyne Lay
Image :fb/Wyne Lay

ဝိုင်းလေးကတော့ ကုသိုလ်တော်ဘုရားကို သွားရောက်ဖူးမြော်ခဲ့တဲ့ ပုံလေးတွေကို သူမရဲ့ အကောင့်မှာ ဝေမျှ ထားပါတယ်။မြန်မာဝတ်စုံလေးတွေနဲ့ လိုက်ဖက်ကျော့ရှင်းတဲ့ ၀ိုင်းလေးကတော့ တကယ့်ကို မြန်မာဆန်ဆန်လေး လှပ နေတာကို တွေ့ရမှာပါ။

“ကျွန်မ အဖေက ဗမာပါ👨🏻
ကျွန်မ အမေက ကချင်ပါ 👩🏻

Image :fb/Wyne Lay
Image :fb/Wyne Lay
Image :fb/Wyne Lay

ကချင်-ဗမာမလေး 👧🏻
မန်းလေးရောက်တုန်းက ကုသိုလ်တော် ဘုရားမှာ အမှတ်တရလေးတွေ ရှိခဲ့တယ် 😍

ကျွန်မ မှတ်တမ်းတင်ချင်သော စိတ်ကူးကလေးတွေ ပုံဖော်ပေးသူများ..

Outfit- Swe Monhtet( May Myanmar)
📸 ako Hein Latt

#WyneLay..”

ဆိုပြီး သူမရဲ့ ဘုရားရောက် အမှတ်တရပုံလေးတွေကို ဝေမျှပေးခဲ့ပါတယ်။

Image :fb/Wyne Lay
Image :fb/Wyne Lay
Image :fb/Wyne Lay

Source ၀ိုင်းလေးရဲ့ fb