ပရိသတ်တွေတိုင်းချစ်ကြတဲ့ ကစ်ကစ်ကတော့ သူမရဲ့ အပြုံးလှလှလေးတွေနဲ့ ပရိသတ်တွေကို ဖမ်းစားလိုက်ပြန်ပါပြီ။

အမိုက်စား “Reflection” ဇာတ်ကားကြီးထဲမှာ ပါဝင်မယ့် ကစ်ကတော့ Reflection အဖွဲ့သားတွေဖြစ်ကြတဲ့ ထွန်းအိန္ဒြာဗိုလ်၊ အိန္ဒြာကျော်ဇင်၊ လူမင်းတို့နဲ့အတူ ဖေ့စ်ဘုတ်မှာ Live ခဲ့ပါတယ်။ အမြဲကလေးလေးတစ်ယောက်လို ချစ်စရာကောင်းနေတဲ့ ဝတ်မှုန်ရွှေရည်ကတော့ ရုပ်ရှင်အဖွဲ့သားတွေနဲ့ အတူ Live လွှင့်ရင်း ရိုက်ကူးထားတဲ့ ဓါတ်ပုံတွေကို သူမရဲ့ ဖေ့စ်ဘုတ်ပေါ်မှာ တင်ထားတာဖြစ်ပါတယ်။ ဓါတ်ပုံထဲက ကစ်ရဲ့ အပြုံးတွေကတော့ ဓါတ်ပုံကို ကြည့်လိုက်တဲ့ သူတွေကိုပါ ကူးစက်လောက်အောင် ချစ်စရာကောင်းလွန်းပါတယ်။

ချစ်ကစ်ရဲ့ ပရိသတ်တွေကတော့ ကစ်ကစ်ပါဝင်ထားတဲ့ Refection ဇာတ်ကားကြီးကို ကြည့်ဖို့အတွက် စောင့်မျှော်နေကြပါပြီ။ ဒီဇာတ်ကားရဲ့ Trailer ထွက်လာကတည်းကလည်း ပရိသတ်တွေကတော့ ဒီရုပ်ရှင်ကားကြီးကို အများကြီး မျှော်လင့်ထားကြပါတယ်။

Source:Wutt Hmone Shwe Yi