ရုပ်ရှင်ဇာတ်ကားကြီးတွေကို မနားတမ်းရိုက်ကူးနေရသူ မင်းသမီးချောတစ်ယောက်ဖြစ်တဲ့ ဝတ်မှုံရွှေရည်ကတော့ ရုပ်ရှင်ချစ် ပရိသတ်တွေရဲ့ အားပေးမှုတွေကို တခဲနက်ရရှိထားသူ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ မိုးကုတ်သူလေး ဝတ်မှုံရွှေရည်ကတော့ ဒီကနေ့မှာ လီဆူးဝတ်စုံလေးနဲ့ ချစ်စရာကောင်းလွန်းနေတဲ့ သူမရဲ့ ပုံရိပ်လေးတွေကို ဖေစ်ဘုတ်ပေါ်မှာ တင်ထားပေးပါတယ်။

ဝတ်မှုံရွှေရည်ကတော့ “လီဆူးမလေးပါပေါ့ တိုင်းရင်းသားမျိုးစုံ ဝတ်စုံလေးတွေနဲ့ ရိုက်ချင်မိပါသည် “လို့ရေးပြီး ဓါတ်ပုံလေးတွေကို တင်ပေးထားတာဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ဝတ်မှုံရွှေရည်ရဲ့ ဓါတ်ပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

Source: Wutt Hmone Shwe Yi