ကစ်လို့ ပရိသတ်တွေ ချစ်စနိုးခေါ်ကြတဲ့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးတစ်ယောက်ဖြစ်တဲ့ ဝတ်မှုန်ရွှေရည်ကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေကို ဆက်တိုက်ရိုက်ကူးနေရတဲ့သူတစ်ယောက်ဖြစ်ပြီး ပြည်ပမှာပါ အနုပညာလှုပ်ရှားမှုတွေကို ပြုလုပ်နေရသူတစ်ယောက်ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း ထူးချွန်တဲ့အနုပညာရှင်တစ်ယောက်အဖြစ် ဆုတွေရရှိထားတဲ့ ကစ်ကတော့ ဇွန်လ ၉ ရက်နေ့က ကိုရီးယားနိုင်ငံ ဆိုလ်းမြို့မှာ ကျင်းပတဲ့ 2019 Asia Model Festival in Seoul ပွဲတော်ကို တက်ရောက်ခဲ့ပါတယ်။

facebook
facebook

ကစ်ကတော့ ဒီပွဲကြီးမှာလည်း အာရှရဲ့ အနုပညာရှင်တစ်ယောက်အဖြစ် ဂုဏ်ပြုဆုချီးမြှင့်ချင်းခံခဲ့ရပါတယ်။ ကစ်ကတော့ Asia Special Award ဆုကို ရရှိခဲ့ပြီး မြန်မာနိုင်ငံက ပရိသတ်တွေကို ဂုဏ်ယူရစေပြန်ခဲ့ပါတယ်။

facebook

နာမည်ကျော် ပြည်ပအနုပညာရှင်တွေနဲ့ရင်ဘောင်တန်းပြီး ဒီဆုကို ရယူပေးခဲ့တဲ့ ကစ်ကတော့ အရမ်းကို ဂုဏ်ယူဝမ်းမြောက်တဲ့အကြောင်းကို သူမရဲ့ ဖေစ်ဘုတ်ပေါ်မှာလည်း ပြောပေးထားပါတယ်။

facebook
facebook

ကစ်ရဲ့ ပရိသတ်တွေအတွက် 2019 Asia Model Festival in Seoul မှာ ဆုရရှိခဲ့တဲ့ ကစ်ရဲ့ ဗီဒီယိုလေးကိုလည်း ထည့်ပေးလိုက်ပါတယ်။ ကစ်အတွက် ဂုဏ်ပြုစကားလေးတွေ ပြောခဲ့ပါဦးနော်။

ကိုရီးယားမှာ Asia Special Award ဆုချီးမြင့်ခံရတဲ့"ဝတ်မှုန်ရွှေရည် "ယနေ့ တောင်ကိုရီးယားနိုင်ငံ Seoul မြို့ Olympic Hall တွင် ကျင်းပပြုလုပ်နေသည့် Asia Model Award ဆုပေးပွဲ အခမ်းအနားကြီးတွင်🇲🇲 မြန်မာနိုင်ငံမှ ထပ်ဆင့် အကယ်ဒမီ ဝတ်မှုံရွှေရည်ကို Asia Special Award (Actress) ဆုပေးအပ်ချီးမြှင့်လိုက်ကြောင်းသိရပါတယ်။Congratulations (y) we are Myanmar 🇲🇲ကစ်ကိုချစ်တဲ့ပရိတ်သတ်ကြီးကစ်အတွက် ဂုဏ်ယူတယ်မလား?Credit Video to owner#AsiaModelFestival2019#AsiaModelAwards2019#Myanmar_Academy

Posted by Myanmar Academy on Sunday, June 9, 2019

Source: Big 5 Film Production, Wutt Hmone Shwe Yi, Myanmar academy