ပရိသတ်တွေရဲ့ အချစ်တွေကို အပြည့်အဝရရှိထားတဲ့ မင်းသမီးချောတစ်ယောက်ဖြစ်တဲ့ ဝတ်မှုန်ရွှေရည်ကတော့ ရုပ်ရှင်ဇာတ်ကားးကြီးတွေကို မနားတမ်းရိုက်ကူးနေတဲ့ သူတစ်ယောက်ဖြစ်ပြီး အောင်မြင်မှုတွေကို တစ်နေ့တစ်ခြား ပိုပိုပြီး ရရှိလာတဲ့ မင်းသမီးတစ်ယောက်လည်း ဖြစ်ပါတယ်။

သူမကတော့ အနုပညာအလုပ်တွေလုပ်ရင်း အားလပ်ချိန်တိုင်းမှာ လိုအပ်သူတွေအတွက် အလှူအတန်းတွေကို ကိုယ်တိုင်ကိုယ်ကျပြုလုပ်လေ့ရှိတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ ဝတ်မှုန်ရွှေရည်ကတော့ မေလ(၆)ရက်နေ့မှာလည်း သူမရဲ့ ခင်မင်ရင်းနှီးသူတွေနဲ့ အတူ ပုပ္ပါးအနီးက ဆင်လူးအိုင်မှာ ဘိုးဘိုးဘွားဘွားတွေအတွက် သွားရောက်လှူဒါန်းခဲ့ပါသေးတယ်။

ဝတ်မှုံရွှေရည်ကတော့ အလှူပြုခဲ့တဲ့ အကြောင်းလေးကို ဖေ့စ်ဘုတ်ပေါ်မှာ တင်ပေးထားတာဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ဝတ်မှုန်ရွှေရည်ရဲ့ ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

Source: Wutt Hmone Shwe Yi