မြန်မာနိုင်ငံရဲ့ နာမည်ကျော် မင်းသမီးတွေထဲက တစ်ယောက်ဖြစ်တဲ့ အကယ်ဒမီ ဝတ်မှုန်ရွှေရည်ကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဝတ်မှုန်ရွှေရည်ကတော့ လတ်တလောမှာ မြန်မာနဲ့ ကိုရီးယား အနုပညာရှင်တွေ ပူးပေါင်းပြီး ရိုက်ကူးမယ့် “တိမ်တွေပေါ်က ပန်း” ရုပ်ရှင်ကားမှာ ပါဝင်သရုပ်ဆောင်ဖို့အတွက် ပြင်ဆင်နေတာဖြစ်ပါတယ်။

facebook
facebook

သူမကတော့ ရိုက်ကူးရေးအဖွဲ့သားတွေနဲ့အတူ ဇွန်လ ၆ ရက်နေ့က တောင်ကိုရီးယားနိုင်ငံကို ရောက်ရှိနေပြီဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ရိုက်ကူးရေးကို စတင်တော့မှာဖြစ်လို့ အစမ်းလေ့ကျင့်မှုတွေလည်း ပြုလုပ်ပြီးပြီဖြစ်တယ်လို့ သိရပါတယ်။ Big 5 Film Production ကတော့ ရိုက်ကွင်းပုံရိပ်တွေကို ပရိသတ်တွေကို မျှဝေပေးသွားမှာဖြစ်တယ်လို့လည်းပြောထားပါတယ်။

facebook
facebook
facebook

“တိမ်တွေပေါ်က ပန်း” ရုပ်ရှင်ကားကိုတော့ ဒါရိုက်တာ ဇင်ယော်မောင်မောင်က ဦးဆောင်ပြီးတော့ ဖန်တီးပုံဖော်မှာဖြစ်ပြီး မင်းသား Ryu Sang Wook နဲ့ ဝတ်မှုန်ရွှေရည်တို့က အဓိက ပါဝင်သရုပ်ဆောင်ကြမှာဖြစ်ပါတယ်။ ကိုရီးယားနိုင်ငံကို ရောက်နေကြပြီဖြစ်တဲ့ ရိုက်ကူးရေးအဖွဲ့သားတွေရဲ့ ပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်။

facebook

Source: Big 5 Film Production