ပရိသတ်တွေချစ်ကြတဲ့ အနမ်းဝိုင်ရဲ့ မင်းသမီးချောလေး ကစ်ကစ်ကတော့ အနမ်းဝိုင် ဇာတ်ကားကြီးရဲ့ ဝိုင်ပါတီက ဓါတ်ပုံလေးတွေကို သူ့ရဲ့ ဖေစ်ဘုတ်မှာ တင်လိုက်ပါတယ်။အမြဲလိုလို ဆန်းသစ်တဲ့ အလှနဲ့ လှပနေတဲ့ ကစ်ကစ်ကတော့ ဝိုင်ပါတီမှာလည်း အနီရောင် ဝတ်စုံလေးနဲ့ အရမ်းကို လိုက်ဖက်မှုရှိပြီး လှပနေပါတယ်။

အနမ်းဝိုင်ဇာတ်ကားကတော့ ဖေဖေါ်ဝါရီလ ၂ရက်နေ့ (ယနေ့)မှာ စတင်ပြီးတော့ ရုံတင်ပြသနေပြီ ဖြစ်ပါတယ်။ကစ်ကစ်ကလည်း ဓါတ်ပုံတွေတင်ရင်းနဲ့ သူ့ရဲ့ ပရိသတ်တွေကို “ဒီနေ့စပြီးရုံတင်ပြီနော်”လို့ပြောထားပါသေးတယ်။

Source: Wutt Hmone Shwe Ye