ပရိသတ်တွေ ချစ်ကြတဲ့ မင်းသမီးချောလး ဝတ်မှုံရွှေရည်ကတော့ သူရဲ့ မအားလပ်တဲ့ အနုပညာ အချိန်ဇယားတွေကြားက အားရင်အားသလို သူမရဲ့ အားလပ်ချိန်လေးတွေကို မိသားစုနဲ့ အတူ အလှူအတန်းတွေ ပြုလုပ်ပြီး ဖြတ်သန်းလေ့ရှိတဲ့ စေတနာထက်သန်သူ အလှူ့ရှင်မလေး တစ်ယောက်ဖြစ်ပါတယ်။

ယနေ့မှာလည်း ရန်ကုန်ဆေးရုံကြီးမှာ သူ့မရဲ့ မိသားစုနဲ့အတူ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ပြီး လူနာ (၉၀၀)အတွက် မနက်စာ လှူဒါန်းပေးခဲ့ပါတယ်။ “အားလုံး သက်ရှည်ကျန်းမာ စိတ်ချမ်းသာ ရောဂါကင်းပြီး၊ အကောင်းတွေး အကောင်းမြင် အေးချမ်းကြပါစေ”လို့ ဆုတောင်းကာ သူမရဲ့ ဖေ့စ်ဘုတ်မှာ အလှူပြုခဲ့တဲ့ ဓါတ်ပုံလေးတွေကို တင်ထားတာဖြစ်ပါတယ်။

Source: Wutt Hmone Shwe Yee