ပရိသတ်တွေ သဘောကျနှစ်သက်ကြတဲ့ သရုပ်ဆောင် မင်းသမီးချောလေးဖြစ်တဲ့ အကယ်ဒမီ ဝတ်မှုန်ရွှေရည်နဲ့  ပရိသတ်တွေရဲ့ အချစ်တော် မင်းသားရဲတိုက်တို့ကတော့ “သိန်းငှက်သုံးကောင်ရွှေဆိုင်”အတွက် အတူတကွ ကြော်ငြာရိုက်ကူးလျက်ရှိပါတယ်။

မင်းသမီး ဝတ်မှုန်ရွှေရည်ကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေကို မနားတမ်းရိုက်ကူးနေရပြီး မင်းသား ရဲတိုက်ကတော့ မကြာသေးမီကမှ ပရိသတ်တွေရဲ့ အသည်းကျော်မင်းသမီးလေး ဖွေးစိန်နဲ့အတူ Bella ကြော်ငြာကို ရိုက်ကူးခဲ့ပါသေးတယ်။ အခုဆို ရဲတိုက်ဟာ အနုပညာလှုပ်ရှားမှုဘက်မှာ ခြေလှမ်းတွေ ပြန်သွက်လာပါပြီ။

သိန်းငှက်သုံးကောင် ရွှေဆိုင်အတွက် ကြော်ငြာကိုတော့ တောင်ငူမြို့ Royal Kaytumadi Hotel မှာ ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

Source:   Ye Deight, Nyi Nyi Maung