ပရိသတ်တွေချစ်ရတဲ့ သရုပ်ဆောင် မင်းသမီးချောလေးတစ်ယောက်ဖြစ်တဲ့ ဝတ်မှုန်ရွှေရည်ကတော့ ဆွစ်ဇာလန်နိုင်ငံကို ခရီးထွက်စဉ်က ရိုက်ထားတဲ့ ဓါတ်ပုံလေးတွေကို လတ်လလော သူမရဲ့ ဖေ့စ်ဘုတ်မှာ တင်ထားပါတယ်။ အကယ်ဒမီဆုပိုင်ရှင် မင်းသမီး ဝတ်မှုန်ရွှေရည်ဟာ အေးခဲလှတဲ့ ဆောင်းရာသီကြောင့် နှင်းတွေ ဖွေးဖွေးလှုပ်နေတဲ့ နောက်ခံရှုခင်းတွေနဲ့အတူ ပျော်ရွှင်နေတာကို တွေ့ရပါတယ်။

ပရိသတ်တွေချစ်ကြတဲ့ ကစ်ကတော့ “မသိဘူး ချမ်းတယ် ဒါပေမယ့် ပျော်တယ်”ဆိုပြီး သူမရဲ့ ဖေစ်ဘုတ်ပေါ်မှာ ရေးထားပါသေးတယ်။ ကစ်ကစ်တစ်ယောက် နှင်းတွေကြားထဲမှာ မချမ်းမစီး ပျော်ပော်ျရွှင်ရွှင် လွတ်လွတ်လပ်လပ် ဆော့နေတာ အရမ်းကို ချစ်စရာကောင်းတာပဲနော်။

Source: wutt hmone shwe yi