‘The Great Seducer’ ဇာတ်လမ်းတွဲရဲ့ သရုပ်ဆောင်တွေဖြစ်ကြတဲ့ Woo Do Hwan နဲ့ Moon Ga Young တို့ဟာ ရုပ်ရှင်အတူရိုက်ကူးရင်းနဲ့ ချစ်သူတွေဖြစ်နေကြပါတယ်ဆိုတဲ့ သတင်းတွေကိုတော့ အတွင်းသိအစင်းသိ သတင်းအရင်းအမြစ်တစ်ခုကနေ ဖွင့်ဟပြောဆိုလာတာဖြစ်ပါတယ်။ Woo Do Hwan နဲ့ Moon Ga Youngတို့နှစ်ဦးဟာ ရုပ်ရှင်ရိုက်ရင်းနဲ့ ချစ်ကြိုက်သွားခဲ့တာ ဖြစ်ပြီး ရိုက်ကွင်းမှာလည်း သူတို့နှစ်ယောက်အချစ်ရေးနဲ့ ပတ်သတ်ပြီး ဖုံးကွယ်ထားခြင်းမရှိဖူးလို့ ပြောခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ Woo Do Hwan ရဲ့ အေဂျင်စီကတော့ “ဒီသတင်းတွေဟာ ကောလဟာလတွေဖြစ်ပြီး သူတို့နှစ်ဦးဟာ အရမ်းကို ရင်းနှီးတဲ့ သူငယ်ချင်းတွေသာ ဖြစ်ပါတယ်။ ရိုက်ကူးရေမတိုင်မီကတည်းက သူတို့ဟာ အချင်းချင်းရင်းနှီးကြပါတယ်”လို့ပြောပြီး သတင်းတွေကို ငြင်းဆိုခဲ့ပါတယ်။

Moon Ga Young ရဲ့ အေဂျင်စီကလည်း “သူတို့နှစ်ဦးဟာ အရမ်းရင်းနှီးကြတဲ့ သူတွေပါ။ ချစ်သူတွေဖြစ်နေတယ်ဆိုတဲ့ သတင်းဟာ လုံးဝမမှန်ပါဘူး” လို့ပြောကြားခဲ့ပါတယ်။

Source: Koreaboo