ပရိသတ်တွေချစ်ကြတဲ့ စုံတွဲတစ်တွဲဖြစ်တဲ့ အောင်လနဲ့ ဝိုင်းစုကတော့ အမြဲသွားအတူ၊လာအတူ တစ်တွဲတွဲ တွဲဖက်တွေ့ရတဲ့ လိုက်ဖက်တဲ့ စုံတွဲတစ်တွဲဖြစ်ပါတယ်။ သူတို့နှစ်ဦးကတော့ မတ်လ ၁၂ရက်နေ့ကကျင်းပတဲ့ အဆိုတော် စန္ဒီမြင့်လွင့်ရဲ့ မင်္ဂလာညစာစားပွဲလေးကို အတူတူတက်ရောက်ခဲ့ပါတယ်။

ဒီဒီးရဲ့ မင်္ဂလာညစာစားပွဲလေးကို အတူတူယှဉ်တွဲတက်ရောက်လာကြတဲ့ သူတို့နှစ်ဦးကတော့ အရမ်းကို ချစ်စရာကောင်းနေပါတယ်။ ဝိုင်းစုခိုင်သိန်းကတော့ သူတို့နှစ်ဦးရဲ့ ကြည်နူးစရာကောင်းတဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် သူမရဲ့ ဖေစ်ဘုတ်ပေါ်မှာလည်း ဝေမျှထားပါတယ်။

သူတို့နှစ်ဦးကတော့ မင်္ဂလာပွဲကို အတူတက်ရောက်ပေးခဲ့တဲ့ အပြင် မင်္ဂလာပွဲမှလည်း သီဆိုဖျော်ဖြေပေးခဲ့ပါသေးတယ်။ ပရိသတ်တွေ အတွက် သူတို့နှစ်ဦးရဲ့ ဓါတ်ပုံလေးတွေကို ဝေမျှပေးလိုက်ပါတယ်။

Source: Wine Su