ပရိသတ်တွေကို သီချင်းချိုချိုလေးတွေနဲ့  သီဆိုဖော်ျဖြေတတ်တဲ့ အနုပညာရှင် စုံတွဲလေးတစ်တွဲဖြစ်တဲ့ အောင်လနဲ့ ဝိုင်းစုခိုင်သိန်းတို့ကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့ စုံတွဲလေးတစ်တွဲ ဖြစ်ပါတယ်။ သူတို့နှစ်ဦးကတော့ အနုပညာအလုပ်တွေလည်း အတူတူရင်း ပျော်ရွှင်တဲ့ မိသားစုဘဝလေးကို တည်ဆောက်နေသူ နှစ်ဦးလည်း ဖြစ်ပါတယ်။

အမြဲအတွဲညီညီ တွေ့ရတတ်တဲ့ ဝိုင်းစုနဲ့ အောင်လကတော ဇွန်လ(၃)ရက်နေ့မှာလည်း ခင်မင်ရတဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ မင်္ဂလာပွဲကို အတူတက်ရောက် ခဲ့ပါသေးတယ်။ ဝိုင်းစုနဲ့ အောင်လတို့ကတော့ ခေတ်ဆန်ဆန် မြန်မာဝတ်စုံလေးတွေနဲ့ အရမ်းကို ကြည့်ကောင်းနေပါတယ်။

အောင်လနဲ့ ဝိုင်းစုတို့ရဲ့ ပရိသတ်တွေအတွက် သူတို့နှစ်ယောက်ရဲ့ ဓါတ်ပုံလေးတွေကိုလည်း တင်ဆက်ပေးလိုက်ပါတယ်။

Source: Wyne Su