Will Smith ကတော့ ကိုယ်တိုင်အောင်မြင်ရုံတင်မကဘဲ သားသမီးတွေကိုလည်း ဝါသနာပါရာနယ်ပယ်တိုင်းမှာ အောင်မြင်အောင် သေချာပေး ပြုစုပျိုးထောင်ပေးနိုင်ခဲ့ပါတယ်။ သားအကြီးဆုံးဖြစ်တဲ့ Trey Smith ဟာဆိုရင်လည်း သူဝါသနာပါတဲ့ DJ အဖြစ် လုပ်ကိုင်နေပြီး Will Smith နဲ့ ချွတ်စွတ်တူတယ်လို့ လူတွေသတ်မှတ်ထားကြတဲ့ အလတ် Jaden Smith ဟာဆိုရင်လည်း သရုပ်ဆောင်အဖြစ် စစချင်း အနုပညာလောကထဲ စတင်ဝင်ရောက်လာခဲ့ပြီး အခုဆိုရင် အငယ်ဆုံးလေး Willow Smith နဲ့ ပေါင်းပြီး ဂီတနယ်ပယ်ထဲမှာ တော်တော်လေး အောင်မြင်နေခဲ့ကြပြီဖြစ်ပါတယ်။
အခုလည်း သမီးအငယ်ဆုံးလေး Willow Smith ဟာ ဆယ်ကျော်သက်အရွယ်မှာပဲ ကိုယ်ပိုင်အိမ်တစ်လုံးကို ဝယ်နိုင်ခဲ့ပြီဆိုတဲ့သတင်း Variety မှာ ဖတ်လိုက်ရပါတယ်။
အသက် ၁၉ နှစ်သာရှိသေးတဲ့ Willow လေးဟာ Malibu မှာ အိမ်ကြီးတစ်လုံးကို ကိုယ်ပိုင်ပိုက်ဆံတွေနဲ့ ဝယ်လိုက်ခဲ့ပါတယ်။ Malibu ဆိုတာ Miley Cyrus အပါအဝင် ဟောလိဝုဒ်အနုပညာရှင်တွေ တော်တော်များမျက်စိကျနေတဲ့ ကမ်းခြေဒေသလေးတစ်ခုပါ။ အခု Willow လေး ဝယ်ခဲ့တဲ့ အိမ်ရဲ့ တန်ဖိုးကတော့ ဒေါ်လာ ၃.၁ သန်းတောင်ရှိနေပါတယ်။
၂၀၁၁ ခုနှစ်တုန်းကမှ ဆောက်ထားတဲ့ အိမ်လေးဖြစ်ပြီး စတုရန်းပေ ၃ ထောင်ကျော်ရှိနေပါတယ်။ အိမ်ကို မှန်တွေဦးစားပေးတည်ဆောက်ထားတာဖြစ်တဲ့အတွက် နံရံတွေ၊ ကြမ်းပြင်တွေ၊ အမိုးတွေကအစ အပြင်ဖက်ရှုခင်းကို တိုးလျှိုပေါက်မြင်ရအောင် တည်ဆောက်ထားတာပါ။ အိမ်တစ်အိမ်လုံးကိုတော့ အဖြူနဲ့မီးခိုးကိုပဲ ဦးစားပေးအသုံးပြုထားတာဖြစ်ပြီး မီးလှုံဖို့မီးဖိုလေးလည်ပါဝင်နေပါတယ်။
အိမ်ကတော့ လုံးချင်းတစ်ထပ်တိုက်ဖြစ်ပြီး အခန်း ၄ ခန်းပါဝင်ပါတယ်တဲ့။ ဒီအပြင် spa လိုမျိုး ဖန်တီးထားတဲ့ ရေချိုးဇလုံနဲ့ ရေချိုးခန်းလည်း ပါဝင်နေပြီးတော့ တစ်အိမ်လုံးဟာ ခေတ်ဆန်စွာနဲ့ပဲ ရှင်းရှင်းလင်းလင်းလေးနဲ့ ကျော့ရှင်းနေတာပါတဲ့။ လျှပ်စစ်ကတော့ LEED စနစ်ကိ အသုံးပြုထားပြီး ကား ၂ စီးထားနိုင်တဲ့ ကားဂိုထောင်မှာလည်း Telsa ကားတွေ အားသွင်းဖို့ကိုလည်း ထားရှိပေးထားပါသေးတယ်။
Willow Smith ဟာ ပေါ့ပ်အဆိုရှင်အဖြစ် အသက်မွေးဝမ်းကျောင်းပြုနေပြီး studio album သုံးခုကိုလည်း ထုတ်ဝေခဲ့ပြီဖြစ်ပြီး Facebook ရဲ့ talk show တစ်ခုဖြစ်တဲ့ Red Table Talk မှာလည်း ပါဝင်နေသူတစ်ဦးပါ။
View this post on Instagram
penny