မင်းသားကြီး Will Smith ဟာ ဆစ်ဒနီဲမြို့ကို Netflix ရုပ်ရှင် ပရိုမိုးရှင်းပွဲအတွက် ရောက်ရှိနေပါတယ်။ ဒါတင်မကသေးပါဘူး Will Smithဟာ အားလပ်ရက်တွေမှာလည်း ဆစ်ဒနီမြို့ရဲ့ အရှေ့ဘက်မှာ ရှိတဲ့ ဆင်ခြေဖုံးရပ်ကွက်တွေကို သွားပြီးတော့ ပရိသတ်တွေနဲ့လည်း တွေ့ဆုံပြီး အမှတ်တရ ဆယ်လ်ဖီတွေ ဆွဲခဲ့ပါသေးတယ်။

မနက်စောစော (၆)နာရီလောက်မှာ အားကစားလုပ်နေတဲ့ Will Smith ရဲ့ ဓါတ်ပုံကိုလည်း ပရိသတ်တစ်ယောက်က ရိုက်ပြီး သူရဲ့ အင်စတာဂရမ်မှာ တင်ထားခဲ့ပါသေးတယ်။ ဒါ့အပြင် Will Smith လမ်းမှာ တွေတဲ့ ပရိသတ်တွေနဲ့လည်း လိုလိုချင်ချင် ဓါတ်ပုံတွေ ရိုက်ပေးခဲ့ပါသေးတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့ကတော့ Will Smith ဟာ သူ့ရဲ့ အင်စတာဂရမ်မှာ Opera House ရှေ့မှာ ရိုက်ထားတဲ့ ဓါတ်ပုံကို မျှဝေပေးခဲ့ပါတယ်။ အဆိုပါဓာတ်ပုံကို ပြန်လည်မျှဝေသူတွေ၊ Like ပေးသူတွေ များစွာရှိခဲ့တယ်လို့ သိရပါတယ်။

Source: Daily Mail