ကိုရီးယားရဲ့ နာမည်ကြီးဆယ်လီစုံတွဲထဲမှာ Rain နဲ့ Kim Tae  Hee လည်း အပါအ၀င်ပါ။ အရမ်းကို လိုက်ဖက်တဲ့ ဆယ်လီစုံတွဲအဖြစ် ပရိသတ် အသိအမှတ်ပြုခံထားရတဲ့ စုံတွဲပါ။ မင်္ဂလာပွဲကိုတော့ ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနား မကျင်းပပဲ တိတ်တဆိတ် အကျဉ်းချုံး ကျင်းပခဲ့ကြတာပါ။ Rain  ရဲ့ အသက်ကတော့ (၃၅)နှစ် ဖြစ်ပြီး Kim Tae  Hee  ရဲ့ အသက်ကတော့ (၃၈)နှစ်ဖြစ်တာကြောင့် “မ နဲ့မောင် ” ဆယ်လီ စုံတွဲလေးပါ။ သူတို့ နှစ်ယောက် တစ်ယောက်နဲ့ တစ်ေ ယာက် ဘယ် လို စတင်ဆုံဆည်းခဲ့တာလဲ..? မြင်မြင်ချင်းချစ်ကြတာလား..? ဘယ်လို မျိုး ချစ် သွားကြတာလဲ ..? ဆိုတာကို Celenow ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

pinterest
pinterest
pinterest

(၂၀၁၇) ဇန်န၀ါရီလ (၁)ရက်နေ့တုန်းက Korea’s Entertainment Weekly  ကနေ Rain နဲ့ Kim Tae  Hee တို့ကို ဖိတ်ကြားပြီး special show တစ်ခု လုပ်ခဲ့ပါတယ်။အဲ့ဒီမှာ ပရိသတ်တွေ သိချင် နေကြတဲ့ သူတို့ နှစ်ဦး ရဲ့ ချစ်ဇာတ်လမ်း စတင်ခဲ့ပုံတွေ အကြောင်းကို မေးခဲ့ပါတယ်။သူတို့ရဲ့ ချစ်ဇာတ်လမ်း စတင် ခဲ့ပုံက အရမ်း တွေ ထူးခြား ဆန်းပြားမနေပါဘူး။ရိုးရိုးလေးပါပဲ။(၂၀၁၁) တုန်းက online shopping service Coupang အတွက် ကြော်ငြာ ရိုက်ရင်း ဆုံခဲ့ကြတာပါ။ဘယ်လို အချစ်မျိုးလဲဆိုရင်တော့………………………..

pinterest
pinterest
pinterest

မြင်မြင်ချင်း အချစ်ပါ။ ကြော်ငြာအတူရိုက်ရင်း နှစ်ယောက်လုံးက တစ်ယောက်နဲ့ တစ်ယောက် စိတ်ဝင်စားသွားခဲ့ကြတာပါ။ အဲ့ဒီမှာပဲ ခံစားချက်တွေ ထိခဲ့ငြိခဲ့ကြတာပါ။ အခုအချိန်မှာတော့ အတိတ်ကို ပြန်ပြောရင်တော့ ဒီကြော်ငြာဟာ သာမန် ကြော်ငြာ တစ်ခုခု သက်သက် မဟုတ်ပါဘူး.. ဖူးစာရေးနတ်က သူတို့နှစ်ဦးကို ဆုံဆည်း ဖို့ ဖန်တီး ပေးလိုက်တဲ့ အခွင့်အရေးတစ်ခုလို့ ပြောလို့ရပါတယ်။ သူတို့စုံတွဲဟာ (၂၀၁၂) စက်တင်ဘာမှာ တွဲနေကြောင်း ကြေညာခဲ့ပါတယ်။(၂၀၁၇) ခုနှစ်၊ ဇန်န၀ါရီလ (၁၉)ရက်နေ့မှာ လက်ထပ်ခဲ့တာပါ။ မင်္ဂလာပွဲကိုလည်း အကျဉ်းချုံး ကျင်းခဲ့ပြီး သမီးလေးကိုတော့ (၂၀၁၇) အောက်တိုဘာမှာ မွေးဖွားခဲ့တာပါ။

pinterest
pinterest

ဒါလေးကတော့ သူတို့ နှစ်ဦးကို ဖူးစာဆုံစေခဲ့တဲ့ ကြော်ငြာလေးပါ။

from kstar