ပြီးခဲ့တဲ့ ဇူလိုင် (၇)ရက်နဲ့ (၈)ရက်နေ့တို့က  Sedona ဟိုတယ်မှာ ကျင်းပတဲ့ Wedding Fair 2018 မှာ VIVID Fashion Taste ရဲ့ Founder ဖြစ်တဲ့ ဒီဇိုင်နာ အိကျော်ဇင်ရဲ့ မင်္ဂလာဝတ်စုံတွေကို ပါဝင် ပြသခဲ့ပါတယ်။ ဒီပွဲလေးမှာ တော့ ပိုင်တံခွန်၊ မေဆူးမောင်၊ မေတိုးခိုင်၊ နန်းထရေစီ၊ ပိုးမမှီသာ၊ Ashley KoKoe၊ နောေ်ဖာအယ်ထား၊ Moraine Lu San၊ ဒီးဒီး၊ Audrey Wai..တို့ ပါဝင်ပေးခဲ့ပါတယ်။

မိတ်ကပ်က တော့ မေဦးဖြစ်ပြီး စိန်နန်းတော်က  လက်ဝတ်ရတနာ တွေကို ဆင်မြန်းပြီး လျှောက်ခဲ့ကြတာပါ။ နော်ဖော အယ်ထားကတော့ သူမရဲ့ fb မှာ ..

“VIVID Fashion TASTE ရဲ့ Wedding Fair မှာပါဝင်ခွင့်ရတဲ့အတွက်အရမ်းလဲ ရင်ခုန်ခဲ့သလိုပျော်လဲပျော်ခဲ့ရပါတယ် ချော်လဲမှာစိုးလို့ ရင်တထိတ်ထိတ်နဲ့လျှောက်ခဲ့တာ တကယ့်ကို အမှတ်တရပါဘဲ 😛..Designer Ei Kyaw Zin(Aunty Thel)ရဲ့ ဒီဇိုင်းလက်ရာကိုဝတ်ဆင်ခွင့်ရတဲ့အတွက် ဂုဏ်ယူပါ
တယ်….” ဆိုပြီး တင်ထားပါတယ်။

ပိုင်တံခွန်ကလဲ သူ့ရဲ့ fb မှာ..”ကိုယ့် ကို ရွေးဖို့ ခက် အောင် သိပ် လုပ် ကြတယ် ကွာ…” ဆိုပြီး မချော တစ်သိုက်နဲ့ အုပ် စု ရိုက်ထားတဲ့ ပုံလေးကို တင်ထားပါတယ်။

from နော်ဖောအယ်ထား