ကမ္ဘာကျော် Kpop အဆိုတော် အဖွဲ့တစ်ခု ဖြစ်တဲ့ EXO အဖွဲ့ဟာ အရှေ့အလယ်ပိုင်းဒေသတစ်ခုဖြစ်တဲ့ ဒူဘိုင်းမှာ ပြုလုပ်တဲ့ အကြီးကျယ်ဆုံး၊ အခမ်းအနားဆုံး ရေပန်းပွဲတော်ကြီးကို ရောက်ရှိခဲ့ပါတယ်။ သူတို့ရဲ့ အလုပ်တွေနဲ့ ပိနေတဲ့ အချိန်ဇယားထဲက အချိန်တစ်ချို့ကို ယူပြီး၊ ပူလွန်းတဲ့ရာသီဥတုရှိတဲ့ ဒူဘိုင်းမှာ ကိုရီးယားကိုမပြန်ခင် လျှောက်လည်ခဲ့ကြပါသေးတယ်။

EXO အဖွဲ့ဝင်တွေဟာ ဒူဘိုင်းမြို့မှာ ပျော်ပျော်ရွှင်ရွှင် လျှောက်လည်နေတဲ့ သူတို့ရဲ့ ဓါတ်ပုံတွေကို သူတို့ရဲ့ အင်စတာဂရမ်တွေမှာ တင်ခဲ့ကြပါတယ်။ EXO အဖွဲ့ဝင်တွေကတော့ သူတို့ရောက်ရှိခဲ့တဲ့ နေရာအသစ်မှာ အတွေ့အကြုံတွေ များစွာရခဲ့ပြီး၊ အရမ်းကို ပျော်နေကြတဲ့ ပုံပါပဲ။

Source: Kstarlive