Beckham မိသားစုမှာ တက်တူးထိုးတာက ပြဿနာမဖြစ်ပေမဲ့ ဆံပင်ပုံစံနဲ့ ပတ်သက်လာရင်တော့ ဖက်ရှင်ကျကျ၊ စတိုင်ကျကျ နေထိုင်တတ်တဲ့ Victoria Beckham က နည်းနည်း ဇီဇာကြောင်ပါတယ်။

လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဗစ်တိုးရီးယားဟာ  Instagram မှာ သူရဲ့ သားဖြစ်သူ Brooklyn Beckham ရဲ့ ဆံပင်ပုံစံအသစ်ကို တင်ခဲ့ပြီး  Brooklyn Beckham ရဲ့ ရည်းစား Chloë Grace Moretz ကိုတောင် tag လုပ်ထားပြီး “နင် ဘာလုပ်လိုက်တာလဲ”လို့ နောက်ပြောင်ပြီးတော့ ရေးထားပါသေးတယ်။   Victoria Beckham ကတော့ ဒီဆံပင် ပုံစံအသစ်ကို သဘောမတွေ့တဲ့ ပုံပါပဲ။ ဓါတ်ပုံကိုလည်း ရုပ်ဆိုးဆိုး ကာတွန်းရုပ်ပုံတစ်ခုနဲ့ တွဲပြီးတင်ထာားတာဖြစ်ပါတယ်။

Source:EllE UK