ကမ္ဘာကျော် ဘောလုံးသမားဟောင်းကြီး ဒေးဗစ်ဘက်ခမ်းရဲ့ ဇနီးလည်းဟုတ်၊ ဖက်ရှင်ဘုရင်မ တစ်ယောက်လည်း ဖြစ်တဲ့ ဗစ်တိုးရီးယားဘက်ခမ်းကတော့ Vogue Spain အတွက် ရိုက်ကူခဲ့တဲ့ ဓာတ်ပုံတွေမှာ သူမဟာ ဘယ်လောက်အထိ ဖိုတိုမော်ဒယ်အပိုင်းမှာလည်း ကျွမ်းကျွမ်းကျင်ကျင် ရှိတယ်ဆိုတာကို မြင်သာစေခဲ့ပါတယ်။

အသက် (၄၃)နှစ် အရွယ်ရှိပြီဖြစ်တဲ့ ဗစ်တိုးရီးဟာ Vogue မဂ္ဂဇင်းအတွက် ဓာတ်ပုံကို အသားရောင် အင်္ကျီလေးတစ်ထည်တည်း ဝတ်ထားပြီးတော့ ရိုက်ထားတာပါ။ ဘာမှမဝတ်ထားတဲ့ သူမရဲ့ ညို့အားပြင်းအလှတွေကို ပြသထားလေသလားလို့တောင် ထင်မှတ်ရပါတယ်။ ကလေး (၄)ယောက်မိခင် ဗစ်တိုးရီးယားဘက်ခမ်းကတော့ သွယ်လျပြီး နုပျိုတဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသေးတယ်ဆိုတာ ဓါတ်ပုံတွေကိုကြည့်ရင် သိနိုင်ပါတယ်။

 နောက်တစ်ပုံမှာတော့ ဗစ်တိုးရီးယားဘက်ခမ်းဟာ အနီရောင်ဝတ်စုံ အရှည်ကို ဝတ်ဆင်ထားပြီး သူမရဲ့ ခန္ဓာကိုယ်ဘယ်လောက် ပျော့ပျောင်းတယ်ဆိုတာပြသဖို့ ခြေထောက်တစ်ဖက်ကို စားပွဲခုံအမြင့်ကြီးပေါ် တင်ပြီးပိုစ့်ပေးထားတာကို တွေ့ရပါတယ်။

ဗစ်တိုးရီးယား သူမရဲ့ ခန္ဓာကိုယ်ပျော့ပျောင်းမှုကို ပြပြီး ပရိသတ်တွေကို အံ့သြစေခဲ့တာ ဒါကပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ အရင်ကလည်း သူ့မရဲ့ ခြေထောက်ကို လေထဲမှာ မြှောက်ထားတဲ့ ပုံကို သူမရဲ့ အင်စတာဂရမ်မှာ တင်ခဲ့ဖူးပါတယ်။

Source: Daily Mail