မိမိရဲ့ လက်ရှိချစ်သူဟာ သူရဲ့ အရင်ရည်းစားဟောင်းနဲ့ ဆက်အသွယ်ရှိနေတုန်းဆိုတာ ကြားလို့ကောင်းတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ အသက် (၂၅) နှစ်အရွယ် Selena လည်း ဒီအတိုင်းပါဘဲ။ သူမရဲ့လက်ရှိ ချစ်သူ အသက် (၂၃)နှစ် အရွယ် Justin ဟာ ယခင်ရည်းစားဟောင်း Kardashian နဲ့ အခုအချိန်အထိ အဆက်အသွယ် ရှိနေတယ်ဆိုတာကို သိပြီး စိတ်ကသိကအောင့် ဖြစ်ခဲ့ရပါတယ်။

ဒါပေမယ့်လည်း ကံကောင်းစွာပဲ ဒီအခြေအနေက Selena အတွက် အန္တရာယ်ရှိတဲ့ အခြေအနေတော့ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ Kardashian ဟာ သူ့မရဲ့ချစ်သူ Younes တစ်ယောက်ထဲကို စွဲစွဲမြဲမြဲချစ်သလို၊ Justin နဲ့ Kardashian တို့ နှစ်ဦးကြားမှာလည်း အချစ်နဲ့ ပတ်သတ်ဆက်ဆံရေး မဟုတ်တော့ဘဲ သာမန်ခင်ကြတဲ့ ဆက်ဆံရေးမျိုးသာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် Kardashian နဲ့ Younes တို့ဟာ အတူသွား၊ အတူလာ ခရီးတွေ အတူထွက်ကြတဲ့ အလွန်ကို ရင်းနီးကျွမ်းဝင်နေတဲ့ ချစ်သူတွေဖြစ်လို့ ဒီသတင်းဟာ Selena ပရိသတ်တွေအတွက်တော့ စိုးရိမ်စရာကိစ္စ မဟုတ်ဘူးလို့ ဆိုရမှာပါ။

Justin နဲ့ ရည်းစားဟောင်းတို့ အဆက်အသွယ်ရှိတယ်ဆိုတဲ့ ကိစ္စဟာ အခုမှ ပထမဆုံး အကြိမ်တော့ မဟုတ်ပါဘူး။ အရင်ကလည်း သူရဲ့ ဆယ်ကျော်သက်ဘဝ ရည်းစားဟောင်းဖြစ်ခဲ့တဲ့ Caitlin Beadles နဲ့ အတူ Thanksgiving နေ့ကို ဖြတ်သန်းခဲ့ပါတယ်။ Justinနဲ့ Caitlin Beadles ရဲ့ အစ်ကိုဖြစ်သူကတော့ အရမ်းရင်းနှီးတဲ့ အပေါင်းအသင်းတွေ ဖြစ်ကြပါတယ်။

Source: Hollywoodlife