Song Seung Heon နဲ့ Krystal f(x) တို့ကတော့ ဒရမ်မာကားသစ်တစ်ခုမှာ အတူ ရိုက်ကူး ကြတော့မယ်လို့ သိရပါတယ်။ ဇွန်လ(၁)ရက်နေ့က OCN ကနေ ဒီအကြောင်းကို အတည်ပြုလိုက်တာပါ။ Song Seung Hun နဲ့ Jung Soo Jung  တို့ဟာ Player ဆိုတဲ့ ဇာတ်ကားမှာ အတူ ပါဝင် သရုပ်ဆောင်ကြမယ်လို့ အတည်ပြုခဲ့တာပါ။ ‘Voice‘ season 2.” ၊(၂၀၁၈) ဒုတိယ နှစ်ဝက်ပိုင်းလောက်မှာ ထုတ်လွှင့်ပြသမယ်လို့ သိရပါတယ်။

AsianWiki Blog
soompi
အရင်ဆုံး အတည်ပြုချက်အနေနဲ့ Song Seung Hun ဟာ Krystal နဲ့ အတူ တွဲရိုက်ထားတဲ့ ပုံကို သူ့ရဲ့ Instagram ပေါ်မှာ တင်ခဲ့ပါတယ်။အခုတော့ အတူတွဲ သရုပ်ဆောင်မယ့် အကြောင်း ကို လုံးဝ အတည်ပြု ကြေညာခဲ့တာပါ။ဒီကားမှာတော့ သူတို့နှစ်ယောက်အပြင် Lee Si Eon လ ည်း ပါဝင်သွားမှာပါ။“Player” ကတော့  ဇာတ်ကားရဲ့ ဇာတ်အိမ်ကတော့ နယ်ပယ်အသီးသီး con-artist ၊ဟက်ကာ၊ဒရိုင်ဘာ၊ဖိုက်တာ ..အစရှိတဲ့ နယ်ပယ် အသီးသီးမှာ ထူးချွန်တဲ့ သူတွေ လာစု ကြတာပါ။သူတို့တွေ ပေါင်းစုပြီး ပစ္စည်းဥစ္စာတွေကို တရားမ၀င်တဲ့ နည်းနဲ့ ရှာကြတဲ့ စိတ် လှုပ်ရှားစရာ အက်ရှင် ဒရမ်မာဇာတ်ကားပါ။
Koreaboo
pinterest

ဒီဇာတ်ကားကိုတော့ ထုတ်လုပ်သူဒါရိုက်တာအနေနဲ  Go Jae Hyun က ဆောင်ရွက်မှာပါ။ သူကတော့ “Black” and “Syndrome,”  တို့ရဲ့ PD ပါ။ ဇာတ်ညွှန်းကတော့ Shin Jae Hyung ပါ။ (၂၀၁၁)ခုနှစ်တုန်းက Korea Detective Literature Awards မှာ Best Rookie Novelist Award ဆုရခဲ့သူပါ။ Song Seung Heon  ကတော့ ဥာဏ်ကြီးရှင် con artist Kang Ha Ri နေရာကနေ ပါဝင်သွားမှာပါ။ Krystal ကတော့ လုံးဝ Skill ကြမ်းတဲ့ Driver  Cha Ah Ryung နေရာကနေ ပါဝင်မှာပါ။ Lee Si Eon ကတော့ ဟက်ကာ Lim Byung Min နေရာကနေ ပါဝင်သွားမှာပါ။

pinterest
pinterest

Source soompi,allkpop