ရုပ်ရှင်နဲ့ဗီဒီယို ဟာသ သရုပ်ဆောင် ဦးဝင်းနိုင်(အနုပညာ)ကတော့ လေဖြတ်လို့ ဆေးရုံတင်ထားရပါတယ်။ ရန်ကုန်လဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေရတာပါ။ မေလ(၂၂)ရက်နေ့ မနက်(၁) နာရီလောက်က လေဖြတ်လို့ ဆေးရုံတင်လိုက်ရတာပါ။ ဆေးကုသမှု ခံယူနေရတဲ့ ဦးဝင်းနိုင်ကို လူရွှင်တော်အသင်း(ရန်ကုန်) ကိုယ်စား ဘဏ္ဌာရေးမှုး ကိုရေချမ်းမှ ထောက်ပံ့ ကူညီငွေ(၂)သိန်း သွားရောက် ကူညီပေးခဲ့ပါတယ်။

ဒီအကြောင်းကိုတော့ လူရွှင်တော်ဟာသ သရုပ်ဆောင် ကောင်းကျော်ရဲ့ fb မှာ အခုလို တင်ထားပါ တယ်။

“လူရွှင်တော်အသင်း(ရန်ကုန်)မှ
နာယကကြီးဖြစ်သူရုပ်ရှင်နှင့်ဗီဒီယိုဟာသရုပ် ဆောင် ဦးဝင်းနိုင်(အနုပညာ) သည် ယနေ့နံက်၁နာရီခန့်က လေဖြတ်၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ကုသဆောင်၂
ခန်း၁၃/၁၄အဆောင်တွင်ဆေးဝါးကုသနေရ ကြောင်းကြားသိရပါ၍ လူရွှင်တော်အသင်း(ရန်ကုန်) ကိုယ်စား ဘဏ္ဌာရေးမှုး ကိုရေချမ်းမှ ထောက်ပံ့ကူညီငွေ၂သိန်းကျပ်တိတိ သွားရောက်ကူညီပေးခဲ့ပါသည်။

ကောင်းကျော်
(ပြန်ကြားရေးမှုး)
လူရွှင်တော်အသင်း(ရန်ကုန်)…” ဆိုပြီးတင်ထားပါတယ်။

ပုံရဲ့အောက်မှာတော့ ပရိသတ်တွေက ဦးဝင်းနိုင်ကို အမြန်ဆုံးနေပြန်ကောင်းလာဖို့ ၀ိုင်းပြီး ဆုတောင်း ပေးထားတာကို တွေ့ရပါတယ်။

from ကောင်းကျော်